Latest News
-
သဘာဝဘေးအန္တရာယ်များနှင့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၁) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ညောင်ပုလင်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သိရှိလိုက်နာဆောင်ရွက်သွားမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသိရှိစေရန် အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep_2021 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာတွင် ဖြစ်ပွားခဲ့သောလေဘေးမှ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောာက်ပံ့ငွေ(၁၀၀၀၀၀ိ/-)၊ အမိုးလန်နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂ဝဝဝဝဝိ/-)၊ အိမ်ထောင်စု(၈)စုရှိ လူဦးရေ(၃၇)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ(၇၇၇၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၃၇၇၇၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)အိမ်ထောင်စာတို့အား(၂၄-၉-၂၀၂၁) ရက်နေ့ ၊ (၁၄:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_sep_2021 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၁) ရက်နေ့၊ (၁၀းဝဝ) နာရီ အချိန်မှ (၁၂း၃၀)နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာနှင့် ဆိပ်ကျွန်း ကျေးရွာတို့တွင် နေထိုင်သောပြည်သူများအား Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာ အုပ်စု၊ ဟင်္သာဒုံးကျေးရွာတွင် (၂၃-၉-၂၀၂၁) ရက်နေ့၌ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ နေအိမ် (၉)လုံး)၊ လူဦးရေ (၂၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုးငွေ (၅၀,၄၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၉၅၀,၄၀ဝ/-) နှင့် mask (၄၈) ခုအား (၂၅-၉-၂၀၂၁)ရက်နေ့၊ (၀၉း၀၀) နာရီ အချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more
-
COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၁)ရက်နေ့၊ (၀၉:၃၀) အချိန်မှ (၁၂:၀၀) အချိန်အထိ ဖြူးမြို့နယ်၊ ရပ်ကွက်(၃)ရပ်ကွက်အတွင်းကိုဗစ်-၁၉လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိ လိုက်နာရန်အချက်များ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ၊ Surgical Mask များကို ပြည်သူလူထုများထံ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2021 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၁)ရက်နေ့၊ (၀၉:၃၀) အချိန်မှ (၁၁:၃၀)အချိန်အထိ ကျောက်တံခါးမြို့နယ်၊ ရပ်ကွက် (၅)ရပ်ကွက်အတွင်း ကိုဗစ်-၁၉ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိ လိုက်နာရန် အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေး လက်ကမ်းစာစောင်များ၊ Surgical Maskများကို ပြည်သူလူထုများထံ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #bgo_sep2021 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









