Latest News
-
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၂၁) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံ ခရိုင်၊ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်တွင် နေထိုင်သောပြည်သူများအား Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့်ပတ်သက်၍ သိရှိ လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2021 Source: သထုံခရိုင်စီးမှူးရုံး (ဘစမ)
-
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၂၁)ရက်နေ့တွင် (၀၉:၃၀)နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်ထိ ချောင်းဆုံ မြို့နယ်၊ ဒေါင်းရပ်အရှေ့ကျေးရွာနှင့် ဒေါင်းရပ်အနောက်ကျေးရွာအတွင်းရှိ ပြည်သူများအား Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2021 Source: ချောင်းဆုံမြို့နယ်စီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၀-၂၀၂၁)ရက်နေ့၊ (၀၉:၃၀ ) နာရီမှ (၁၂:၃၀ )နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဇွဲကလာကျေးရွာအုပ်စုအတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်၍ အသိပညာပေးဆောင်ရွက်ရာတွင် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_sep2021 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံ မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၀-၂၀၂၁) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ ချောင်းဆုံမြို့နယ်၊ ဘိုးနက် ကျေးရွာနှင့် သက္ကောကျေးရွာအတွင်းရှိ ပြည်သူများအား Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးနှင့်ပတ်သက်၍ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2021 Source: ချောင်းဆုံမြို့နယ်စီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃-၁၀-၂၀၂၁)ရက်နေ့တွင် မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ကဘင်းကျေးရွာ၊ ရှောင်ကွင်းလမ်းမကြီးဘေး၌ မီးဘေးဖြစ်ပွားခဲ့မှုကြောင့် မီးဘေးသင့်လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဘိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၆,၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပုံး(၁)ပုံးအား(၄-၁၀-၂၀၂၁)ရက်နေ့ (၁၂:၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_oct2021 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ အသိပညာပေးသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၀-၂၀၂၁) ရက်နေ့ (၀၉:၃၀)အချိန်မှ(၁၂:၀၀)အချိန်ထိ ချောင်းဆုံမြို့နယ်၊ ဒေါင်းဥကျေးရွာနှင့် မုဒူးကျေးရွာအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားမှုများ လျော့နည်းပပျောက်စေရန်အတွက် ဆောင်ရန်/ ရှောင်ရန်များကို သိရှိနိုင်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အသိပညာပေးခြင်းနှင့် ရာသီအလိုက် ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2021 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









