Latest News
-
ကမ်းပြိုဘေး ကြိုတင်ပြောင်းရွှေ့ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာအုပ်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာတွင် (၁၁-၁၀-၂၀၂၁)ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၇,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၂၇,၃၀၀/-)ကျပ်အား (၁၄-၁၀-၂၀၂၁)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_oct2021 #Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ပေါက်ကန်ကျေးရွာအုပ်စု၊ ပေါက်ကန်ဘူတာကျေးရွာ၌ (၁၁-၁၀-၂၀၂၁)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိ၍ ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၀,၅၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စာနှင့် အဝတ်Mask(၁၀)ခုတို့အား (၁၃-၁၀-၂၀၂၁) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ဝက်လက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ဘေးသင့်ပြည်သူထံ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #sgw #sgg_oct2021 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့် ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၀-၂၀၂၁) ရက်နေ့၊ (၀၇:၀၅) နာရီအချိန်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ သီဟိုဠ်ကျောင်းလမ်းအတွင်း မီးလောင်ကျွမ်းမှုကြောင့်အိမ်ခြေ (၁) လုံးအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀ဝ) ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၀,၅၀ဝ) ကျပ်အား (၁၂-၁၀-၂၀၂၁) ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) … Read more
-
Hygiene Kit-E ဘူးများအား ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၁) ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် ကလေးမြို့၊ ဘိုးဘွားရိပ်သာသို့ Hygiene kit-E (၁၀) ဘူးနှင့် ကလေးမြို့၊ အေးရိပ်မွန်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဂေဟာသို့ Hygiene Kit-E (၁၀) ဘူး၊ စုစုပေါင်း(၂၀)ဘူးအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #sgg_oct2021
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၁၀-၂၀၂၁) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်မှ (၁၄:၀၀)နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာ၊ တာပသွန်ကျေးရွာနှင့် သာယာကုန်းကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းတို့အား အသံချဲ့စက်ဖြင့် နှိုးဆော်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း မြို့၊ ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာ၌ (၇.၁၀.၂၀၂၁) ရက်နေ့ တွင် လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀၀ဝ/-)ကျပ်၊ စုစုပေါင်းလူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၁၄၇၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၆၄၇၀ဝ/-) ကျပ်အား (၁၁-၁၀-၂၀၂၁) ရက်နေ့ (၁၄:၃၀) နာရီအချိန် တာဝန်ရှိသူများ ရှေ့မှောက်၌ … Read more









