Latest News
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ လက်ပံခုံကျေးရွာအုပ်စု၊ ဘူးခုံကျေးရွာတွင် (၁၆-၁၀-၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် အိမ်ထောင်စု(၂)စုရှိ စုစုပေါင်းလူဦးရေ(၉)ဦး အတွက်ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၈၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၈၉၀၀/-)ကျပ် အား (၁၉-၁၀-၂၀၂၁)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် တောင်ဇင်းကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_oct_2021 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ ရေတာကျေးရွာ၌ (၁၁-၁၀-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံးသူ(၁)ဦးအတွက်ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ်အား (၁၉-၁၀-၂၀၂၁)ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများ၊ ရပ်ကျေးစာရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အတူ အေးမြ သာယာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျန်ရစ်သူမိသားစုလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သာယာဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_tls #bgo_Oct2021
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျေးရွာအုပ်စု (၁၀)အုပ်စုတွင် (၁၇-၁၀-၂၀၂၁)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သော အိမ်ခြေ (၁၂၃)လုံး၊ အိမ်ထောင်စု (၁၂၃)စုမှ လူဦးရေ (၅၂၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄,၆၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၁,၀၉၈,၃၀၀ိ/-)နှင့် ဒဏ်ရာရလူနာ (၂)ဦးအတွက် (၁၀၀,၀၀၀ိ/-)၊ ရန်ပုံငွေစုစုပေါင်း (၅,၇၉၈,၃၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၁၃)စုစာနှင့် အလှူပစ္စည်းရေပုံးအသေး (၁၃)ပုံးတို့အား (၁၉-၁၀-၂၀၂၁)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_oct_2021 Source: … Read more
-
ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးအတွက်ပူးပေါင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈.၁၀.၂၀၂၁)ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ (၁၂)နှစ်အထက် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း၊ ကြက်ခြေနီ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_oct_2021 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၁၀.၂၀၂၁) ရက်နေ့တွင်(၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများဖြင့်ပူးပေါင်း၍ ကသာမြို့နယ်အတွင်းနေထိုင်သည့် ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာရမည့်စည်းကမ်းများအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း Masks များအခမဲ့ဖြန့်ဝေခြင်းနှင့် Mask Camping လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_oct_2021 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် ပစ္စည်းများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါများကြိုတင်ကာကွယ်ရေးအတွက် တစ်ကိုယ် ရေ ကျန်းမာရေးသုံးနှင့် သန့်ရှင်းရေးပစ္စည်းများဖြစ်သည့် Hygiene kit-E ဖာ(၂၀)အား (၁၆-၁၀-၂၀၂၁) ရက်နေ့ (၁၀:၃၀) ချိန်တွင် ခန္တီးမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု သီလရှင်ကျောင်းမှ သီလရှင်ဆရာကြီး ဒေါ်ဓမ္မဝရဉာဏီထံသို့ ခန္တီးခရိုင် သာသာနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_oct2021 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)









