သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃ – ၆ – ၂၀၂၂)ရက်နေ့ (၁၀း၀၀) အချိန်မှ (၁၁း၀၀)နာရီအချိန်အထိ မအူပင်မြို့၊ ရေလဲ (အထက) စာသင်ကျောင်းတွင် ကျောင်းသား/သူ (၁၅၀) ဦး၊ ဆရာ/ဆရာမ (၇)ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များဟောပြောခြင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ အမေး/အဖြေများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗလာစာအုပ်နှင့် ဘော့ပင်များ ဝေငှပေးခြင်း၊ (၅ပေX၄ပေ) ရေဘေးဗွီနိုင်းပိုစတာ(၁) ချပ်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_jun2022

Source:         မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events