Latest News
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာ၊ လားရှိခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၃-၂၀၂၂) ရက်နေ့ (၂၁:၃၀) ချိန်တွင် တန့်ယန်းမြို့၊ ရပ်ကွက်(၃)၊ အုပ်စု(၆)ဗိုလ်ချုပ်လမ်းဘေးရှိ နေအိမ်မှတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ရာ ပျဉ်ကာ/သွပ်မိုး၊ (၂)ထပ်အိမ်၊ (၄)လုံးမီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၄)စု၊ လူဦးရေ(၇)ဦး မီးဘေးသင့်ခဲ့ရာ ထောက်ပံ့ငွေ(၁,၁၁၄,၇၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး၊ (၄)အိမ်ထောင်စုစာအား (၂၃-၃-၂၀၂၂)ရက်နေ့၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #shn_mar2022
-
ကိုဗစ်-၁၉ နှင့် ဗီဇပြောင်း(အိုမီခရွန်)ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ရပ်ကွက်(၆)နေ ပြည်သူများအား ကိုဗစ်-၁၉ နှင့် ဗီဇပြောင်း(အိုမီခရွန်)ရောဂါနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံဆော်သြပြီး လက်ကမ်းစာစောင်များ၊ မက်(စ်)များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများပါဝင်သော အင်္ဂပူမြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် ကော်မတီအဖွဲ့ဝင်များသည် အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)ကျေးရွာအုပ်စု၊ သက္ကယ်ပြင်(သံ)ကျေးရွာ၌ (၂၂-၃-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံးအတွက် ကော်မတီမှ ဆန် (၁) အိတ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၆၃၀ဝိ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေ (၄၆၃၀ဝိ/-) ကျပ်နှင့် Mask များကို (၂၃-၃-၂၀၂၂)ရက်နေ့၊ (၀၉:၂၀)နာရီအချိန်တွင် သွားရောက်ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_str #ayy_mar2022 Source: … Read more
-
အားကောင်းသော မုန်တိုင်းငယ်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဝေငှခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၂၂) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကပ္ပလီပင်လယ်ပြင်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်အရှိန်ကြောင့် သဘာဝဘေးအန္တရာယ်များအား အများပြည်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် ကြိုတင်ပြင်ဆင်ကာကွယ်မှုများပြုလုပ်နိုင်ရန် မြိတ်မြို့နယ်အတွင်း သဘာဝဘေးလက်ကမ်းစာစောင်များကို ပြည်တော်သာလှေဆိပ်၊ ဆိပ်ငယ်ဘောတံတား၊ နောက်လယ်ဘောတံတားနှင့် အများပြည်သူပိုင်နေရာများတွင် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar_str #tny_mar2022 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၂၂) ရက်နေ့တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လားရှိုး-သိန္နီလမ်းတွင် ပြည်သူလူထုအား ကိုဗစ်- ၁၉ ရောဂါ၊ ဗီဇပြောင်း(အိုမီခရွန်)ရောဂါနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံဆော်သြပြီး လက်ကမ်းစာစောင်များ၊ Mask များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိူင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_mar2022
-
မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၃-၂၀၂၂)ရက်နေ့၌ နံနက်(၀၈:၀၀) နာရီမှ (၁၀:၀၀)နာရီအချိန်အထိ ပဲခူးမြို့နယ်၊ ပဲခူးမြို့ပေါ်ရပ်ကွက်(၂)ရပ်ကွက်နှင့် ဈေးများ၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ပြီး မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_mar2022 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









