လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၇-၇-၂၀၂၂) ရက်နေ့၊ (၀၉း၃၀)နာရီအချိန်မှ (၁၁း၄၀)နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင် မြို့နယ်၊ အ.ထ.က(ရင်းငြိမ်)ရှိ ကျောင်းသား/သူ အင်အား (၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအားဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာဖြန့်ဝေခြင်းတို့အား ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mon_jul2022
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)