ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာ၊ အ.ထ.က စာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေး ဟောပြောဆောင်ရွက်

             လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် Quick–Win Programme(အချိန်တိုအတွင်း ပြည်သူ အတွက် တိုက်ရိုက်အကျိုးရရှိနိုင်သော လုပ်ငန်းများ)ဆောင်ရွက်လျက်ရှိရာ (၂၃-၇-၂၀၂၂)ရက် နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာများကို မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဟောပြောဆွေးနွေးခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများသို့ မြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များနှင့်ဗီနိုင်းပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_july2022 Source:  မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မအူပင်မြို့နယ်တွင်း ဖြစ်ပွားသည့်လေဘေးနှင့်ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုဆောင်ရွက်

             လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၁-၇-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် မအူပင်မြို့နယ်၊ အလန်းကြီးကျေးရွာအုပ်စု၊ အလန်းကြီးကျေးရွာ၌ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ(၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၈,၉၀ဝိ/-) နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀,၀၀ဝိ/-)၊ ကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေ စုစုပေါင်း(၇၈,၉၀ဝိ/-)အားလည်းကောင်း၊ ထနီးကျေးရွာအုပ်စု၊ ထနီးရွာကြီးပိုင်းကျေးရွာ၌ (၂၁-၇-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ ရသည့်နေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၈,၉၀ဝိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)၊ ကယ်ဆယ်ရေး ထောက်ပံ့ရန်ပုံငွေစုစုပေါင်း(၃၁၈,၉၀ဝိ/-)အားလည်းကောင်း … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်စီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၇.၂၀၂၂)ရက်နေ့တွင် ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ ရေချိုကျေးရွာ၌ မီးလောင်မှုကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝိ/-)ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄,၂၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၀၄,၂၀၀ိ/-)ကျပ်နှင့် မီးဘေးသင့်အိမ်ထောင်စု(၁)စုအတွက် (၄၆၀၃၆/-)ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)ပုံးတို့အား (၂၂.၇.၂၀၂၂)ရက်နေ့ (၁၃း၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_jul_2022 Source: ပုလောမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မြိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောဆောင်ရွက်

    (၂၁.၇.၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူ များသည်  မြိတ်မြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများ သဘာဝဘေးအန္တရာယ်အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၂၆၈)ဦး တက်ရောက်ခဲ့ပြီး သဏ္ဍာန်တူသရုပ်ပြဆောင်ရွက်ခြင်း၊ ဟောပြောသည့်အကြောင်းအရာများကို အမေးအဖြေ ပြုလုပ်၍ ပြန်လည်ဖြေဆိုပေးကြသူများအတွက်  ဦးထုပ်များချီးမြှင့်ပေးအပ်ခြင်းနှင့် လက်ကမ်း စာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် Mask များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_july2022 Source:  မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောဆောင်ရွက်

    (၂၂.၇.၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌  ကျောင်းသား/သူ(၂၀၀)ဦးအား ကြိုတင်ကာကွယ် သဘာ၀ဘေးအန္တရာယ်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_july2022 Source:  မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီး ဌာနတို့နှင့် ပူးပေါင်း၍ (၂၁.၇.၂၀၂၂)ရက်နေ့ နံနက် (၀၉:၃၀) အချိန်တွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူ (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #snh_jul_2022 Source:   ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)