မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာ၊ အ.ထ.က စာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေး ဟောပြောဆောင်ရွက်

         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် Quick–Win Programme(အချိန်တိုအတွင်း ပြည်သူ အတွက် တိုက်ရိုက်အကျိုးရရှိနိုင်သော လုပ်ငန်းများ)ဆောင်ရွက်လျက်ရှိရာ (၂၃-၇-၂၀၂၂)ရက် နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာများကို မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဟောပြောဆွေးနွေးခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများသို့ မြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များနှင့်ဗီနိုင်းပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#mon_july2022

Source:  မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events