ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၇-၂၀၂၂) ရက်နေ့ (၁၀း၀၀) နာရီ အချိန်တွင် အ.ထ.က(တနင်္သာရီ) ကျောင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ဆက်ဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ပြီး လက်ကမ်းစာများဝေငှပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းနှင့် မုန့်များဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jul2022 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၁-၇-၂၀၂၂) ရက်နေ့၊ (၀၉း၀၀)နာရီအချိန်မှ (၁၁း၀၀) နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်   အ.ထ.က (ကျိုက်က္ကော်)ရှိ ​ကျောင်းသား/သူ အင်အား(၁၀၀)ဦးခန့် အား သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်  ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောဆွေးနွေးပြီး လက်ကမ်းစာ​စောင်ဖြန့်ဝေခြင်းနှင့်ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul_2022 Source:   သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  (၈-၇-၂၀၂၂) ရက်နေ့တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊‌ အုန်းပင်ကွင်းကျေးရွာအုပ်စု၊‌ ရေပြန်ရွာသစ် ကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှု‌ကြောင့် ပြောင်းရွှေ့အိမ်‌ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုး‌‌ထောက်ပံ့‌ငွေ (၁၀,၅၀ဝ/-)ကျပ်အားလည်းကောင်း၊ (၁၂-၇-၂၀၂၂)ရက်နေ့တွင် အဖျောက်မြို့၊ အုန်းပင်ကွင်း ကျေးရွာအုပ်စု၊ ရေပြန်အရှေ့ကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှု‌ကြောင့် ပြောင်းရွှေ့အိမ်‌ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၈)ဦး အတွက် ဆန်ရိက္ခာဖိုး‌ထောက်ပံ့‌ငွေ(၁၆,၈၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးတို့အား (၁၈-၇-၂၀၂၂) ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင်‌ တိုက်ကြီးမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ပျက်စီးနေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၇-၂၀၂၂) ရက်နေ့တွင် ဖလုံဘူတာကျေးရွာအုပ်စု၊ ရွှေမြိုင်သာယာကျေးရွာ၌ တောဆင်ရိုင်းဝင်ရောက်မှု ကြောင့် ဘေးသင့်အိမ်‌ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀,၀၀ဝ/-)ကျပ်နှင့်  လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုး‌ထောက်ပံ့‌ငွေ(၁၀,၅၀ဝ/-)ကျပ်အားလည်းကောင်း၊  (၁၄-၇-၂၀၂၂)ရက်နေ့တွင် ဆင်စခန်းကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာ၌ တောဆင်ရိုင်း၀င် ရောက်မှုကြောင့် လုံးဝပျက်စီးအိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက် ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၄,၇၀ဝ/ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၂)စုစာအားတို့အား (၁၈-၇-၂၀၂၂)ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင်‌ တိုက်ကြီးမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ygn_jul2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် အင်္ဂပူမြို့နယ်၊​​​ သက္ကယ်ပြင် (သံ)ကျေးရွာအုပ်စုနှင့် ကညင်ရိုးကျေးရွာ၌ (၈-၇-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၄)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၈,၄၀ဝ/-)ကျပ်နှင့် Surgical Mask (၈)ခုတို့ အားလည်းကောင်း၊ ကံဘက်ကျေးရွာအုပ်စု၊ လေးအိမ်တန်း ရှမ်းစုကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၀,၅၀ဝ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၂၁၀,၅၀ဝ/-)ကျပ်၊ Surgical Mask … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၂၂) ရက်နေ့ နံနက် (၁၃:၃၀)အချိန်တွင်  မြိတ်မြို့နယ်၊ သမုတ်ကျေးရွာရှိ အ.ထ.က (သမုတ်) အခြေခံပညာအထက်တန်းကျောင်းတွင် ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ ကျောင်းသားဦးရေ(၁၁၂)ဦးတက်ရောက်ခဲ့၍ သဏ္ဍာတူ သရုပ်ပြများဆောင်ရွက် ခြင်းလည်းကောင်း၊ လက်ကမ်းစာစောင်များ၊ ဗီနိုင်းနှင့် ဘောလ်ပင်များ ဝေငှပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourcr: DDM #ar #tny_jul2022