Latest News
-
မိုးကြိုးဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံမြို့နယ်၊ နတ်မှော်ကျေးရွာအုပ်စု၌ (၇-၄-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သည့်လူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်တိတိအား (၈-၄-၂၀၂၂)ရက်နေ့၊ (၁၄:၃၀)အချိန်ခန့်တွင် ချောင်းဆုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #mon_apr2022 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
နေရပ်ပြန်ပြည်သူ (၁) ဦးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်မြို့မှ ပြန်လည်ရောက်ရှိ လာသော မြန်မာသင်္ဘောသား (၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး( ကျားလုံချည်၊ တီရှပ်၊ တဘက်နှင့် ဆပ်ပြာ) နှင့် နေ့တွက်ခရီးစရိတ် (၃၀၀၀/-) ကျပ်တို့အား (၇-၄-၂၀၂၂) ရက်နေ့၊ (၁၆း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ygn_apr2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာ ပမြို့နယ်၊ (၂) ရပ်ကွက်၊ သုမာလာ(၁၄)လမ်းတွင်(၅-၄-၂၀၂၂)ရက်နေ့၊ (၀၉း၀၇)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးအိမ်ခြေ (၆)လုံး၊ အိမ်ထောင်စု(၁၁)စုမှ လူဦးရေ (၅၄)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၂၀၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၁၃,၄၀၀/-)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုး (၁၁)အိမ်ထောင်စုစာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ဖို့ အိမ်ထောင်စု (၁၁)စုအတွက် ဆပ်ပြာ (၁၁)တောင့်၊ လူဦးရေ(၅၄)ဦးအတွက် mask (၁၀၈)ခုတို့အား မြောက်ဥက္ကလာပမြို့နယ် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ မရမ်းစု၊ ကြည်စေတနာလမ်းတွင်(၂၈-၃-၂၀၂၂)ရက်နေ့( ၀၉း၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်လုံးဝပျက်စီးအိမ်ခြေ (၆)လုံး၊ အိမ်ထောင်စု(၆)စုမှ လူဦးရေ (၃၀)ဦးတို့အတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၆၃,၀၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၆)အိမ်ထောင်စုစာနှင့် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ဖို့ အိမ်ထောင်စု (၆) စုအတွက် ဆပ်ပြာ (၆)တောင့်၊ လူဦးရေ (၃၀)ဦးအတွက် mask (၆၀) ခုတို့အား … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဋ္ဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ဓမ္မင်းကျွန်း(ရှေ့)ကျေးရွာ၌ (၅-၄-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် အိမ်ခြေ (သစ်-၁)လုံး၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၁)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာ၊ စက္ကူပုံး (၁)ပုံး၊ Surgical Mask(၂)ခုတို့အား (၇-၄-၂၀၂၂)ရက်နေ့(၁၀:၀၀)နာရီအချိန်တွင်တာဝန်ရှိသူများနှင့်အတူ အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဘေးသင့်ပြည်သူများလက်၀ယ်အရောက် ပေးပို့ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_apr2022 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း (၃-၄-၂၀၂၂) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဝါးခယ်မမြို့နယ်၊ ပိတ္တာလေးကျေးရွာအုပ်စု(ရွာမကျေးရွာ)၊ စော်ကဲကျေးရွာအုပ်စု(ရွာမကျေးရွာ)၊ ရေလယ်ကျွန်းကျေးရွာအုပ်စု(ရေလယ်ကျွန်းကျေးရွာ)နှင့် စံအိပ်ကျေးရွာအုပ်စု(တလိုင်းစုကျေးရွာ၊ အထက်စုကျေးရွာ၊ အောက်စုကျေးရွာ၊ ကြူတောကျေးရွာ)တို့တွင် ပြိုကျပျက်စီးခဲ့သောနေအိမ်(၁၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁၂)စုစာ၊ လူဉီးရေ (၉၃) ဦးတို့အတွက် Surgical Mask (၁၈၆)ခု၊ ဆန်ရိက္ခာရန်ပုံငွေ (၁၉၅,၃၀၀)ကျပ်၊ ပြိုကျပျက်စီးနေအိမ်(၁၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၉)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁,၇၄၀,၀၀၀)ကျပ်၊ … Read more









