Latest News
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ငါ့နန်းကျေးရွာ၊ မြစ်သာကျေးရွာ၊ဆီမီးခုံအမှတ်(၃)ရပ်ကွက်တို့၌ (၁၈-၄-၂၀၂၂)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စုမှ စုစုပေါင်းလူဦးရေ(၄၂)ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၃၀,၀၀ဝ/-)၊ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၈,၂၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၇၁၈,၂၀ဝ/-)ကျပ်တို့အား (၂၆-၄-၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_apr2022 Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု၊ ရွာမကျေးရွာ၌ (၈-၄-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၅,၀၀ဝ/-)၊ အိမ်ထောင်စု (၉)စုမှ လူဦးရေ (၄၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၀,၃၀ဝ/-)ကျပ်နှင့် surgical mask (၈၆)ခု၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၅,၃၀၀/-) ကျပ်တို့အား (၂၆-၄-၂၀၂၂) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ရွှေလောင်းမြို့၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၂) ရက်နေ့၌ ပန်းတနော်မြို့နယ်၊ ဓနော်ကျေးရွာအုပ်စုနှင့် ဘုရားချောင်းကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့သည့် ပြိုကျနေအိမ် (၁)လုံး၊ အမိုးလန်နေအိမ်(၈)လုံး၊ အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးပါ(၁) ပုံးနှင့် Surgical Mask (၇၆)ခု၊ ပြိုကျနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀,၀၀၀)ကျပ်၊ အမိုးလန်နေအိမ်(၈)လုံးအတွက်(၄၀၀,၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၅၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၇၉,၈၀၀) ကျပ်၊ စုစုပေါင်းတန်းဖိုးငွေ (၅၇,၉၈၀၀) … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ တော်တလုပ်ကျးရွာအုပ်စု၊ သုံးခွဆိုင်ကျေးရွာ၌ (၂၄-၄-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့သည့် ပြိုကျနေအိမ် (၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ (၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးပါ( ၃) ပုံးနှင့် Surgical Mask (၁၈)ခု အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ (၁၈,၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၈,၉၀၀/-) ကျပ်တို့အား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၅-၄-၂၀၂၂) … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မဇောကျးရွာအုပ်စု၊ ပြင်ကြီးကျေးရွာ၌ (၁၈-၄-၂၀၂၂) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပြိုကျပျက်စီး နေအိမ် (၁၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၀,၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၉၀,၀၀၀)ကျပ်နှင့် ဘေးသင့် အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၅၁)ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုးငွေ (၁၀၇,၁၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉၅၇,၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၆) … Read more
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၂) ရက်နေ့ (၁၉:၁၀) ချိန်တွင် လားရှိုးမြို့နယ်၊ ရပ်ကွက်(၁၂)၊ ဒေါနလမ်း၊ အိမ်အမှတ်(၂၁၆)နေအိမ်၌ လျှပ်စစ်ဟင်းအိုးအပူလွန်ကဲပြီး ဝါယာလျှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ သွပ်မိုး/ထရံကာ၊ မြေစိုက်(၁)ထပ် နေအိမ်(၁)လုံးမီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦး မီးဘေးသင့်ခဲ့ရာ ဘေးသင့်ပြည်သူအတွက် ထောက်ပံ့ငွေ(၁၀၄,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးပါ အိမ်ထောင်စု(၁)စုစာအား (၁၉-၄-၂၀၂၂) ရက်နေ့၌ ဘေးသင့်ပြည်သူအတွက် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #Shn_apr2022









