လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ယန်းခ ကျေးရွာအုပ်စု၊ ယန်းခကျေးရွာနှင့် ဆွတ်ရွဲကျေးရွာတို့၌ (၂၁-၇-၂၀၂၂) ရက်နေ့နှင့် (၂၂-၇-၂၀၂၂) ရက်နေ့ တို့တွင် ဖြစ်ပွားခဲ့သည့် ငလျင်ဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁,၀၀၀/-) ကျပ်တို့အားလည်းကောင်း၊ နမ့်နီ/နမ့်လုံကျေးရွာအုပ်စု၊ ကဲရွှေ(မိုင်းယွန်း)ကျေးရွာ၌ ငလျင် ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘာသာရေးအဆောက်အဦ(ခရစ်ယာန်ကျောင်း) (၁) လုံး (တစ်စိတ် တစ်ပိုင်း) အတွက် ထောက်ပံငွေ (၅၀,၀၀၀/-)၊ စုစုပေါင်းထောက်ပံငွေ (၂၂၁,၀၀၀/- )ကျပ်တို့အား လည်းကောင်း (၂၅-၇-၂၀၂၂)ရက်နေ့၊ (၁၄:၃၀) နာရီအချိန်ခန့်တွင် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးတို့မှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_eqk
#tn
#ayy_jul2022
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)