Latest News
-
မြင်းခြံမြို့နယ်၊ ဆားခါးကျေးရွာ၌ ဖြစ်ပွားသည့်မီးဘေးအတွက် ဘေးသင့်ပြည်သူများသို့ ထောက်ပံ့
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆားခါးကျေးရွာအုပ်စု၊ ဆားခါးကျေးရွာ၌ (၄-၉-၂၀၂၂)ရက်နေ့၊ (၂၃:၅၀)အချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၁၀,၅ဝဝိ/-)ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း(၁၁၀,၅ဝဝိ/-) ကျပ်နှင့် တန်ဖိုးငွေ(၄၆,၀၃၆/-)ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံး တို့အား (၈-၉-၂၀၂၂)ရက်နေ့၊ (၁၁:၃၀)အချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများက ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mdy_sep, 2022 Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၂) ရက်နေ့၊ (၁၃:၀၀)နာရီချိန်တွင် အခြေခံပညာအလယ်တန်းကျောင်း (တောရ)၌ ဆရာ/ဆရာမ၊ ကျောင်သား/ကျောင်းသူ စုစုပေါင်း (၁၅၀) ဦးခန့်တို့အား သဘာ၀ဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2022 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မြောင်းမြမြို့နယ်၊ မြကန်သာရပ်ကွက်၌ အုတ်တံတိုင်းပြိုကျမှုကြောင့် နေအိမ်(၁)လုံး ပျက်စီးမှုအတွက် ထောက်ပံ့
မြောင်းမြမြို့နယ်၊ မြကန်သာရပ်ကွက်၊ အဝေးပြေးလမ်းမကြီး၌ (၅.၉.၂၀၂၂)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အုတ်တံတိုင်းပြိုကျ၍ နေအိမ်(၁)လုံး ပျက်စီးခဲ့ရာ အိမ်ထောင်စု(၁)စုမှ လူ(၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၆,၃၀၀/-)ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း(၁၀၆,၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်(၁)ပုံးတို့အား (၆.၉.၂၀၂၂)ရက်နေ့ (၁၄:၀၀)အချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများက ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_ otr #ayy_sep, 2022 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ချောင်းဆုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မုဒူး)၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၂၂)ရက်နေ့တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မုဒူး)၌ ကျောင်းသား/သူ(၂၃၆)ဦးတို့ကို သဘာဝဘေးအန္တရာယ်နှင့်ပတ်သည့်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ကြိုတင်ကာကွယ်ခြင်း၊ ပြင်ဆင်ခြင်းဆိုင်ရာ အသိပညာပေးခြင်းတို့အား ဟောပြောဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep, 2022 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မအူပင်မြို့နယ်၊ ရွှေလှေသောင်းကျေးရွာ၌ ဖြစ်ပွားသည့်ကမ်းပြိုဘေးအတွက် ထောက်ပံ့
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေလှေသောင်းကျေးရွာအုပ်စု၊ ရွှေလှေသောင်းရွာ၌ (၃-၉-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၃၉,၉၀ဝိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)ကျပ်၊ ထောက်ပံ့ငွေ စုစုပေါင်း(၃၃၉,၉၀ဝိ/-)ကျပ်နှင့် ကာဘော်လိပ်ဆပ်ပြာ (၃)တောင့်တို့အား (၅-၉-၂၀၂၂)ရက်နေ့ (၁၄:၃၀)အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep, 2022 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရေလုပ်သား(၁) ဦးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်မြန်မာ့ဆိပ်ကမ်း၊ ရေကြောင်း ဌာန၊ ရေယာဉ်ငယ်ဌာနခွဲသို့ ရောက်ရှိလာသော ရေလုပ်သား (၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (ကျားလုံချည်၊ တီရှပ်၊ တဘက်၊ ဆပ်ပြာ) ၊ ခရီးစရိတ်နှင့် နေ့တွက်စရိတ် စုစုပေါင်း (၁၆,၀၀၀/-) ကျပ် တို့အား (၃-၉-၂၀၂၂) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_sep2022 … Read more









