ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • Covid-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ဖိုက်ဘာရေတိုင်ကီများလှူဒါန်းခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ရေရှားပါးပြတ်လတ်ပြီး သောက်သုံးရေ အမှန်တကယ်ရှားပါးသည့်ဒေသများသို့ ဖိုက်ဘာရေတိုင်ကီများလှူဒါန်းခဲ့ရာ (၁၆-၉-၂၀၂၂)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ အ.မ.က (ဘူတာ)ကျောင်း၌ သောက်သုံးရေသိုလှောင်ထားရှိနိုင်ရန်အတွက် (၂၄၀၀)ဂါလံဆံ့ ဖိုက်ဘာရေတိုင်ကီတပ်ဆင်ခြင်းနှင့် Logo Sticker တပ်ဆင်ခြင်းအားလည်းကောင်း၊ (၁၇-၉-၂၀၂၂)ရက်နေ့တွင် ပေါင်မြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ ကားတဲကျေးရွာ၌ သောက်သုံးရေသိုလှောင်ထားရှိနိုင်ရန်အတွက် (၂၄၀၀)ဂါလံဆံ့ ဖိုက်ဘာရေတိုင်ကီတပ်ဆင်ခြင်းနှင့် Logo ticker တပ်ဆင်ခြင်းအားလည်းကောင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #mon_sep_2022 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မုန်တိုင်းသဏ္ဍာန်တူဇတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်ဦးစီးမှူးရုံးနှင့်ပူးပေါင်း၍ (၁၇-၉-၂၀၂၂) ရက်နေ့၊  (၀၉:၀၀) နာရီချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရှောက်ချောင်းကျေးရွာအုပ်စု၊  ငွေဇင်ယော်(စံပြ)ကျေးရွာ၌ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #simex #ayy_sep2022

  • လေဘေးသင့်ပြည်သူများအတွက်‌ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံခရိုင ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ အမှတ် (၁၃) ရပ်ကွက် ၊ နယ်မြေ (၄)၌ (၉-၉-၂၀၂၂) ရက်နေ့၊ (၂၂:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်ပြိုလဲမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂)ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုး (၄၂ဝဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၅၄၂၀၀/-)ကျပ်တို့အား (၁၃-၉-၂၀၂၂) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် … Read more

  • Covid-19 စီးပွားရေးကုစားမှုစီမံချက်(CERP)အရ ဖိုင်ဘာရေတိုင်ကီများ ထောက်ပံ့

    ​​          ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများ သည် Covid-19 စီးပွားရေးကုစားမှုစီမံချက်(CERP)ဖြင့် ဝယ်ယူထားသည့် ဖိုင်ဘာရေတိုင်ကီ (၅)လုံး(ရေတိုင်ကီတစ်လုံးလျှင် ရေဂါလံ(၂၄၀၀)ဆံ့)အား (၇-၉-၂၀၂၂)ရက်နေ့တွင် ကျုံ​ပျော် ခရိုင်၊ ​ကျောင်းကုန်းမြို့နယ်၊ သဲကုန်​ကျေးရွာအုပ်စု၊ အ.မ.က(သဲကုန်)နှင့် ဆိပ်သာ​ကျေးရွာ အုပ်စု၊ အ.မ.က(ဆိပ်သာ)တို့၌လည်းကောင်း၊  (၈-၉-၂၀၂၂)ရက်နေ့တွင် ပုသိမ်ခရိုင်၊ သာ​ပေါင်း မြို့နယ်၊ ကြက်သွန်ကွင်း​ကျေးရွာအုပ်စု၊ YGW မိဘမဲ့ပရဟိတ​ကျောင်း၊ ပုသိမ်မြို့နယ်၊ ​ငွေ​ဆောင်မြို့၊ သဇင်​ကျေးရွာအုပ်စု၊ ​ရေသိုး​ကျေးရွာနှင့် ဖုန်းဆိုးကြီး​ကျေးရွာတို့၌လည်း​ကောင်း ကုမ္ပဏီမှ တာ၀န်ရှိသူများနှင့်အတူ ကွင်းဆင်း၍ အသီးသီးတပ်ဆင်​​ဆောင်ရွက်ပေးခဲ့​ကြောင်း သတင်း ရရှိပါသည်။ #ha_ otr … Read more

  • အသုတ်မြို့၊ ဆိပ်သာကျေးရွာ၌ မိုးကြိုးပစ်မှုကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့

    (၄-၉-၂၀၂၂)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ထန်းကျွန်းဆိပ်သာကျေးရွာအုပ်စု၊  ဆိပ်သာကျေးရွာ၊ ငါးရှဉ့်ချောင်းအနီး၌ မိုးကြိုးပစ်မှုကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ရန်ပုံငွေ(၃၀၀,၀၀ဝိ/-)ကျပ်အား (၈-၉-၂၀၂၂)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများက ကျန်ရစ်သူမိသားစုဝင်များထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_ otr #ayy_sep, 2022 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ပန်းတနော်မြို့နယ်အတွင်း ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသည့်နေအိမ်များမှ ပြည်သူများသို့ ထောက်ပံ့

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စု၊ နံကပ်ရိုး၊ နံကပ်နှင့်ကျောင်းတော်ကလေးကျေးရွာများ၌ (၆-၉-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသည့် နေအိမ်(၁၂)လုံး၊ အိမ်ထောင်စု (၁၂)စုမှ လူဦးရေ(၄၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၉၄,၅၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁,၂၀၀,၀၀ဝိ/-)၊ ထောက်ပံ့ငွေစုစုပေါင်း(၁,၂၉၄,၅၀ဝိ/-)နှင့် ကာဘော်လိပ်ဆပ်ပြာ(၁၂)တောင့်အား (၇-၉-၂၀၂၂)ရက်နေ့ (၁၄:၄၅)အချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep, 2022 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)