ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်တွင် ဖြစ်ပွားသည့်မီးဘေးကြောင့် ဘေးသင့်ပြည်သူများသို့ ထောက်ပံ့

    ၂၉-၈-၂၀၂၂ ရက်နေ့တွင် တွံတေးခရိုင်၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ခရေလမ်းရှိ နေအိမ်(၁)လုံး၌ ခြင်ဆေးခွေထွန်းရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ၎င်းအိမ်အပါအဝင် နေအိမ်(၂)လုံး မီးလောင်ပျက်စီး၍ အခြားနေအိမ်(၂)လုံးမှာ တစ်စိတ်တပိုင်းမီး‌လောင် ပျက်စီး ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၅)စုမှ လူဦးရေ(၂၄)ဦးတို့ မီးဘေးဒုက္ခခံစားခဲ့ရပါသည်။ အဆိုပါမီးဘေးအတွက် ၃၁-၈-၂၀၂၂ ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၄၇၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၀,၄၀၀/-)ကျပ်[စုစုပေါင်းထောက်ပံ့ ငွေ(၅၂၀,၄၀၀)ကျပ်]နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံး(၂)ပုံးတို့အား ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ha_fir #ygn_sep, … Read more

  • ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၃၀-၈-၂၀၂၂)ရက်နေ့(၁၃း၀၀)နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်၊ လက်ပံကျွန်း ကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် ရေတိုက်စားပြီး  ကမ်းပါးပြိုကျမှုကြောင့်  ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်နှင့် လူဦးရေ စုစုပေါင်း(၄)ဦးတို့အတွက်  (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-)ကျပ်တို့အား (၃၁-၈-၂၀၂၂) ရက်နေ့ (၁၂:၃၀) နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mon_aug2022 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင်း ဖြစ်ပွားသည့် တောဆင်ရိုင်းဘေးများနှင့် ကမ်းပြိုဘေးအတွက် ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၂)ရက်နေ့တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊‌  နှင်းဆီမြိုင်ကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့်နေအိမ်‌(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၈၀,၀၀ဝိ/-)နှင့်လူဦးရေ(၂၅)ဦးအတွက် ဆန်ရိက္ခာဖိုး‌ ထောက်ပံ့‌ငွေ(၅၂,၅၀ဝိ/-)အားလည်းကောင်း၊ (၂၈-၈-၂၀၂၂)ရက်နေ့ တိုက်ကြီးခရိုင်၊ တိုက်ကြီး မြို့နယ်၊‌ နှင်းဆီမြိုင်ကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်‌ (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၉၀,၀၀ဝိ/-)နှင့် လူဦးရေ(၁၄)ဦး အတွက် ဆန်ရိက္ခာဖိုး‌ထောက်ပံ့‌ငွေကျပ်(၂၉,၄၀ဝိ/-)အားလည်းကောင်း၊ (၂၉-၈-၂၀၂၂)ရက်နေ့ တွင်  တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေပြန် အရှေ့ကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ‌ပြောင်းရွှေ့ရသည့်နေအိမ်‌ (၂)လုံး … Read more

  • သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ရဲတပ်ဖွဲ့ ရုံး၊  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တို့နှင့်ပူးပေါင်းပြီး ဦးစီးဌာန(၁)ခုချင်းစီနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ သဘာဝဘေးန္တရာယ်နှင့် ပတ်သည့်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေခြင်း လုပ်ငန်းများအား (၃၀-၈-၂၀၂၂)ရက်နေ့၊ (၁၀:၀၀)နာရီမှာ(၁၂:၀၀)နာရီအချိန်အထိ ချောင်းဆုံမြို့နယ်၊ အ.ထ.က(ကမာကေး) စာသင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ(၁၈၀)ဦးခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2022 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ သဘောင်းတောင်ကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၈.၂၀၂၂)ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စု၊ သဘောင်းတောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝိ/-)ကျပ်၊ မီးဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈,၄၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၈,၄၀၀/-)ကျပ်နှင့် အိမ် ထောင်စု(၁)စုအတွက် ငွေကျပ်(၄၆၀၃၆/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)ပုံးတို့အား (၂၈.၈.၂၀၂၂)ရက်နေ့ (၁၃:၃၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ha_fir #tny_aug, 2022 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၈-၂၀၂၂)ရက်နေ့(၁၅း၄၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လုံးဝပျက်ဆီးတိုက်ခန်း(၁)ခန်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀ဝ/-) အိမ်ထောင်စု(၁)စုမှ မီးဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၀၅၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရန် အိမ်ထောင်စု (၁)စုအတွက် ဆပ်ပြာ(၁)တောင့်၊ လူဦးရေ(၅)ဦးအတွက် mask(၁၀)ခုတို့အား (၂၅-၈-၂၀၂၂)ရက်နေ့ (၁၆:၂၀)နာရီအချိန်တွင် ပန်းဘဲတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_aug_2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)