မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆားခါးကျေးရွာအုပ်စု၊ ဆားခါးကျေးရွာ၌ (၄-၉-၂၀၂၂)ရက်နေ့၊ (၂၃:၅၀)အချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၁၀,၅ဝဝိ/-)ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း(၁၁၀,၅ဝဝိ/-) ကျပ်နှင့် တန်ဖိုးငွေ(၄၆,၀၃၆/-)ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံး တို့အား (၈-၉-၂၀၂၂)ရက်နေ့၊ (၁၁:၃၀)အချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများက ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mdy_sep, 2022
Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး(ဘစမ)