လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၂၃)ရက်နေ့ နံနက် (၀၉:၀၀) နာရီမှ (၁၁:၃၀)နာရီအထိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနရှိ ဆရာမများနှင့် ကျောင်းသူ (၅၀)ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို သဘာဝအသိပညာများ ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #ygn_mar2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၃-၂၀၂၃) ရက်နေ့ နံနက်ပိုင်း၌ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊‌‌ သက်ကြီးရွယ်အိုများ‌ နေ့ပိုင်း‌ စောင့်ရှောက်ရေးဂေဟာတွင် ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ တာဝန်ရှိသူများ၊ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာမှ အဘိုး၊ အဘွားများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၀၀)ဦးတို့ဖြင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #simex_eqk #ygn_mar2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်နေအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း

    ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၃-၃-၂၀၂၃)ရက်​နေ့တွင် မိုးရွာသွန်း၍ ​လေပြင်းတိုက်ခတ်မှု​ကြောင့် ပုသိမ်မြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ ပြိုကျပျက်စီး​နေအိမ်(၂)လုံးအတွက် အိမ်​ဆောက်ပစ္စည်း​ထောက်ပံ့​ငွေကျပ်(၂၀၀,၀၀ဝ/-)၊ ကယ်ဆယ်​ရေးပစ္စည်း(၁၇)မျိုးပါ (၂)ပုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး​နေအိမ်(၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ်(၁၁၀,၀၀ဝ/-)၊ ကိုးဆူ​အုပ်စု၊ သဲဂရက်​ကျေးရွာရှိ တစ်စိတ်တစ်ပိုင်း ပျက်စီး​နေအိမ်(၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ်(၃၀,၀၀ဝ/-)၊ ​ရွှေမြင်တင် အုပ်စု၊ ဝါးယား​ချောင်း​ကျေးရွာနှင့် ဇင်ပြွန်းကုန်းအုပ်စု၊ ဓနုံး​ချောင်း​ကျေးရွာရှိ ပြိုကျပျက်စီး​နေအိမ်(၂)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ်(၂၀၀,၀၀ဝ/-)၊ ကယ်ဆယ်​ရေး ပစ္စည်း(၁၇)မျိုးပါ (၂)ပုံး၊ စုစု​ပေါင်းအိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ်(၅၄၀,၀၀ဝ/-)၊ ​ဘေးသင့် လူဦး​ရေ (၃၅)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေကျပ်(၇၃,၅၀ဝ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေကျပ်(၆၁၃,၅၀ဝ/-)တိတိအား … Read more

  • ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ပူးပေါင်း၍ (၁၅-၃-၂၀၂၃)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းခန်းမ၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စာရေးများ စုစုပေါင်းအင်အား (၁၅၀)ဦးတို့ဖြင့် ပူပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #simex_eqk #mon_mar2023  

  • မြောင်းမြခရိုင်၊ ​ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက် လေဘေးအတွက် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည်  မြောင်းမြခရိုင်၊ ​ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်တွင်  (၁၄-၃-၂၀၂၃)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံး၊ လူဦးရေ (၃)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်တို့အား(၁၄-၃-၂၀၂၃)ရက်နေ့၊ (၁၄:၄၅)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_mar2023

  •  မြောင်းမြမြို့နယ်၊ ကညွတ်ကွင်းကျေးရွာအုပ်စု၊ ကညွတ်ကွင်းကျေးရွာနှင့် ကညင်ဂဲကျေးရွာ အုပ်စု၊   ကညင်ဂဲကျေးရွာတို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် ဘုန်းတော်ကြီးကျောင်းနှင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကညွတ်ကွင်းကျေးရွာအုပ်စု၊ ကညွတ်ကွင်းကျေးရွာနှင့် ကညင်ဂဲကျေးရွာအုပ်စု၊   ကညင်ဂဲကျေးရွာတို့၌ (၁၄-၃-၂၀၂၃) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် တစ်စိတ် တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်း (၁)ကျောင်းအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်နှင့် ပြိုကျပျက်စီး နေအိမ် (၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုး၊ (၂) အိမ်ထောင်စာ၊ လူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ  (၂၀၀,၀၀၀/-)ကျပ်တို့အား(၁၄-၃-၂၀၂၃)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်နှင့် (၁၄း၃၀)နာရီအချိန်တို့တွင် မြောင်းမြမြို့နယ်၊ … Read more