Latest News
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၀-၂၀၂၃)ရက်နေ့(၁၅း၁၅)ချိန်တွင် တနင်္သာရီမြို့၊ နိဗ္ဗာန်လမ်း၌ မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ခဲ့သည့် ဓနိမိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း၊ လုံးဝပျက်စီး နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-)ကျပ် လူဦးရေ(၂)ဦးအတွက် (၇)စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀၀ိ/-)ကျပ်နှင့် ဘေးသင့်အိမ်ထောင်စု(၁)စုအတွက် (၄၅၉၀၀ိ/-)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလပ်စတစ်ပုံးတို့အား (၉-၁၀-၂၀၂၃)ရက်နေ့ (၁၄း၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_oct_2023 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကျောင်းကုန်းမြို့၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၂၃) ရက်နေ့ ကျောင်းကုန်းမြို့၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝ/-)၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ(၂,၁၀ဝ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၁၀၂,၁၀၀/)နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ(၁)ပုံးတို့အား (၂-၁၀-၂၀၂၃)ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct 2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂-၁၀-၂၀၂၃)ရက်နေ့ (၁၂:၀၀)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၅)လုံး ကြိုတင်ပြောင်းရွှေ့သည့် အိမ်ထောင်စု(၅)စု၊ လူဦးရေ ကျား(၉)ဦး၊ မ(၉)ဦး၊ စုစုပေါင်း(၁၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၇,၈၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅,၀၀,၀၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၅,၃၇,၈၀ဝိ/-)တို့အား (၅-၁၀-၂၀၂၃)ရက်နေ့(၁၂:၃၀)အချိန်နာရီတွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ygn_oct_2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ခင်တန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၀-၂၀၂၃)ရက်နေ့ (၁၈း၀၀) အချိန်တွင် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ခင်တန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးနှင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၅၀,၀၀၀/-)နှင့် လူဦးရေ(၁၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ(၂၅,၂၀၀/-) စုစုပေါင်းကျပ်(၁၇၅,၂၀၀/-)အား (၃-၉-၂၀၂၃)ရက်နေ့ (၁၂း၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_oct 2023 Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီး မြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုူကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၀-၉-၂၀၂၃)ရက်နေ့ (၁၂:၀၀)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသ ကြီး၊တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်း ကျေးရွာတွင် မြစ်ကမ်းပါး ပြိုကျမှု ကြောင့် နေအိမ် (၁၀)လုံး ကြိုတင်ပြောင်းရွှေ့ သည့် အိမ်ထောင်စု (၁၀)စု၊ လူဦးရေ ကျား(၁၅) ဦး၊ မ(၁၉)ဦး၊ ပေါင်း(၂၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၁,၄၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၀၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၀၇၁,၄၀ဝိ/-)တို့အား (၂၈-၉-၂၀၂၃)ရက်နေ့ (၁၂:၀၀)အချိန်နာရီတွင် … Read more
-
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ အမှတ်(၅)ရပ်ကွက်၌ မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ အမှတ်(၅)ရပ်ကွက်၌ (၂၅-၉-၂၀၂၃)ရက်နေ့ (၁၆:၅၅)အချိန်တွင် မီးလောင်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၁၇)စု၊ လူဦးရေ(၃၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၅၆၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၇၅,၆၀ဝိ/-)၊ ကိုဗစ်-၁၉ ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask (၂)ခုနှုန်းဖြင့် Mask(၇၂)ခု၊ IEC အလှူပစ္စည်းများမှ အိမ်ထောင်စု (၁)စုလျှင် ကာဘော်လစ်ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် ကာဘော်လစ်ဆပ်ပြာ (၁၇)တောင့်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၁၇)စုစာ ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး(၇၈၂,၆၁၂/-)ကျပ်တိတိတို့အား … Read more









