ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ဟင်္သာတမြို့နယ်၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ ဘူတာလမ်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ကြံခင်းမြို့နယ်၊ ရွာသစ် ရပ်ကွက်၊ ဘူတာလမ်းတွင် (၄-၁၀-၂၀၂၃) ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ် တစ်ပိုင်းအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၄)အတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈,၄၀၀ိ/-)တို့ကျပ်အား (၁၀-၁၀-၂၀၂၃) ရက်နေ့ (၁၃:၀၀) အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_Oct_2023 Source:  … Read more

  • ဟင်္သာတမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရေလယ်သောင်အောက်စု၊ ငါးဆယ်ကျွန်းကျေးရွာနှင့် အိပ်ပျက်အုပ်စု၊ ငှက်ပျောတောကျေးရွာ တို့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းအိမ်ခြေများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၉.၂၀၂၃)ရက်နေ့မှ (၅.၁၀.၂၀၂၃)ရက်နေ့ အတွင်း ဟင်္သာတမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရေလယ်သောင်အောက်စု၊ ငါးဆယ်ကျွန်းကျေးရွာနှင့် အိပ်ပျက်အုပ်စု၊ ငှက်ပျောတောကျေးရွာတို့တွင်ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၁၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၉၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၇၁)ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၁၄၉,၁၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၀၄၉,၁၀၀ိ/-) ကျပ်တို့အား (၁၀-၁၀-၂၀၂၃)ရက်နေ့ (၁၃:၀၀)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more

  • ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်‌ဝေးမြို့နယ်၊ ကူသပိတ်‌ကျေးရွာအုပ်စု၊ ကြက်သွန်ခင်းကျေးရွာ၌ (၁၀.၁၀.၂၀၂၃)ရက်နေ့(၂၀:၃၀) အချိန်တွင် ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့ခဲ့သော လူနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၄၀၀,၀၀ဝိ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၆,၂၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၄၆,၂၀ဝိ/-)ကျပ်အား နေပြည်တော်‌ကောင်စီဥက္ကဌဦးဆောင်၍ တာဝန်ရှိသူများနှင့်အတူ  (၁၁-၁၀-၂၀၂၃)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ha_rbe #npt_oct_2023 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

  • မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲ၍ နေအိမ်ပျက်စီးခဲ့မှုအား ထောက်ပံ့ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၇-၁၀-၂၀၂၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲ၍ ပျက်စီးခဲ့ရသည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ ကျား(၃)ဦး၊ မ(၂)ဦး၊ စုစုပေါင်းလူဦးရေ(၅)ဦးတို့အတွက်  ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀,၅၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ(၅၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၆၀,၅၀ဝိ/-)တို့အား (၁၀-၁၀-၂၀၂၃)ရက်နေ့ (၁၂း၀၀) နာရီအချိန်ခန့်တွင် တိုက်ကြီးမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #ygn_october_2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးထောက်ပံ့ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၀-၂၀၂၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ ချင်းကုန်းကျေးရွာအုပ်စု၊ ဥက္ကံရွာမကျေးရွာ အုပ်စု၊ အနော်ရထာရပ်ကွက်၊ ဗန္ဓုလရပ်ကွက်၊ မင်းရဲကျော်စွာရပ်ကွက်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းများရေလျှံ၍ ရေလွှမ်းမိုးခဲ့ပြီး ပျက်စီးခဲ့ရသည့် နေအိမ်(၁၀၀)လုံး၊ အိမ်ထောင်စု (၁၀၀)စု၊ လူဦးရေ(၄၆၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၇၄,၄၀ဝိ/-)အား (၁၀-၁၀-၂၀၂၃) ရက်နေ့ (၁၂း၀၀)နာရီအချိန်ခန့်တွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #ygn_october_2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့၊‌ ဇေယျာမွန်ရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်နှင့်မြောက်ပိုင်းရပ်ကွက်တို့ရှိ ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျ ရေများစီးဆင်းကာ ကဒတ်ချောင်းရေလျှံမှု ကြောင့် မြေနိမ့်ပိုင်းနေရာများသို့ရေ (၃)ပေခန့်ဝင်ရောက်ခဲ့ပြီး ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ ကော့စံနိုင် ရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့တွင် ကယ်ဆယ်‌ရေးစခန်း(၃)ခုဖွင့်လှစ်ထားရာ နေရာများသို့ စတင်ပြောင်းရွှေ့ခဲ့သော ပြောင်းရွှေ့အိမ်ခြေ (၂၃၉)ဦး၊ အိမ်ထောင်စု(၂၃၉)စု၊ ကျား (၄၂၄)ဦး၊ မ (၅၃၂)ဦး၊ စုစုပေါင်းလူဦးရေ (၉၅၆)ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၂,၀၀၇,၆၀ဝိ/-) အား (၁၀-၁၀-၂၀၂၃) ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် … Read more