လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၁-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ

    ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၁-၈-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်- မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင် များ ပြင်ဆင်ပြီးဖြစ်၍ (၁၀၀%) ဆက်သွယ်ရရှိပြီဖြစ်ပါသည်။ မိုးစပါးထွန်ယက်ပြီးစီးမှုအနေဖြင့် ထွန်စက်ကြီး (၈၀)စီးဖြင့် စိုက်ပျိုးမြေဧက (၁၉,၈၀၃) ဧကကို ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ပါသည်။ တိရစ္ဆာန်ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် ကျွဲ/နွား အကောင်ရေ (၉,၉၆၂) ကောင်၊ ဝက် (၁၉၆) ကောင်နှင့် ကြက် (၁,၄၀၀) … Read more

  • သဘာဝဘေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၈.၂၀၂၃)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူ  (၂၀၀)ဦး ခန့်အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊​ သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မြေပြိုဘေးနှင့် ရေ​ဘေးဗွီနိုင်းပိုစတာများပေးအပ်ခဲ့ပါသည်။ Source: DDM #ar #tny_Aug2023 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာနှင့် ဈေးမသွယ်အထက်ကျေးရွာတို့၌ ဖြစ်ပွားခဲ့သော ရေဘေး(ထပ်တိုး) အိမ်ထောင်စုများအတွက် ထောက်ပံ့ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၃)ရက်နေ့မှ (၉-၈-၂၀၂၃)ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်း၍ ဒုံသမိချောင်းရေ (၉)ပေခန့်မြှင့်တက်မှုကြောင့် သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာနှင့် ဈေးမသွယ်အထက် ကျေးရွာတို့မှ ကယ်ဆယ်ရေးစခန်း (၃)ခုရှိ ထပ်တိုးအိမ်ထောင်စု (၃၇)စု၊ ကျား (၈၁)ဦး၊ မ (၈၃)ဦး၊ စုစုပေါင်းလူဦးရေ (၁၆၄)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၃၄၄,၄၀၀/-)အား (၁၁-၈-၂၀၂၃)ရက်နေ့၊ (၁၄း၃၀)နာရီ အချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ သွားရောက်ထုတ်ပေးထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_aug2023 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေး ထောက်ပံ့ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် (၈-၈-၂၀၂၃)ရက်နေ့၊ (၁၆း၅၅)အချိန်ခန့်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၅,၀၀ဝ/-)၊ ဘေးသင့်လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၀,၉၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၅,၉၀ဝ/-)အား (၁၁-၈-၂၀၂၃)ရက်နေ့၊ (၁၁း၀၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_aug2023 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၁၀-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ

    ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၀-၈-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်- မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ ပြင်ဆင်ပြီးဖြစ်၍ (၁၀၀%) ဆက်သွယ်ရရှိပြီဖြစ်ပါသည်။ စိမ်းလန်းစိုပြေရေးစီမံချက်အရ သစ်ပင်စိုက်ပျိုးမှုအနေဖြင့် (၂၀၄,၂၀၀) ပင် စိုက်ပျိုးရန်လျာထားပြီး (၁၂၆,၂၆၉) ပင် စိုက်ပျိုးပြီးဖြစ်ပါသည်။ ပျိုးပင်များ ထောက်ပံ့မှုအနေဖြင့် စစ်တွေသို့ ရောက်ရှိပြီး ပျိုးပင်ပေါင်း (၁၇၆,၄၀၂) ပင်နှင့် အုန်းပျိုးပင် (၇၁.၆၀) ဧကကို စိုက်ပျိုးပြီးစီးပြီးဖြစ်ပါသည်။ … Read more

  • ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ အ.ထ.က (ဘဲဂရက်) ၌ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၈.၂၀၂၃) ရက်​နေ့၌ ပုသိမ်ခရိုင်၊ ကန်ကြီး​ထောင့်မြို့၊ အ.ထ.က(ဘဲဂရက်)တွင် Grade(7)၊ Grade(8)၊ Grade(9)မှ ​ကျောင်းသား/သူ (၁၉၀)ဦးနှင့် ဆရာ/ဆရာမများအားဦးစီးဌာနမှ လုပ်ငန်း​ဆောင်ရွက်​နေမှုများ၊ ထောက်ပံ့​ပေးမှုများ၊ သဘာ၀​ဘေးနှင့်ပတ်သက်​သော ဆောင်ရန်/​ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှုအ​ကြောင်းနှင့် ခရိုင်ပတ်၀န်းကျင် ထိန်းသိမ်း​ရေးဦးစီးဌာနမှ ပလတ်စတစ်ညစ်ညမ်းမှုအ​ကြောင်း သိ​ကောင်းစရာများအား နံနက်(၁၃း၀၀) နာရီမှ (၁၅း၀၀)နာရီအထိ ​ဆွေး​နွေး​ဟော​ပြောခဲ့ပြီး လက်ကမ်းစာ​စောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug_2023 Source:  ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)