Latest News
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မဘိမ်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၁-၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် မဘိမ်းမြို့နယ်၊ ခိုတာကျေးရွာအုပ်စု၊ ဝိုင်းလုံကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူလူထုများအား ဝန်ကြီးဌာန၏ မူဝါဒများ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုနှုန်းထားများ၊ ၎င်းဒေသတွင်ဖြစ်နိုင်ခြေရှိသော ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဆောင်ရန်၊ရှောင်ရန်များနှင့် စပ်လျဉ်း၍အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ တက်ရောက်သူဦးရေ(၁၀၀)ဦးခန့်အား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_Feb2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သောက်သုံးရေများ လှူဒါန်းနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၂:၀၀)အချိန်တွင် သောက်သုံးရေ အခက်အခက်အခဲဖြစ်ပေါ်နေသော သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စု၊ ငလှိုင်ခြုံရေနံနယ်မြေ၊ တောရကျောင်းဘုရားကုန်းရပ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေဂါလံ(၃၂၀၀)ကို ရေသယ်ယာဥ်ဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #mgy_feb2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီ မှ (၁၅:၀၀) နာရီထိ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် ယန်းခကျေးရွာ ယန်းခအုပ်စုတွင် ရွာသူ ရွာသားများ (၁၀၀) ဦး အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များ အား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_feb2020 Source: … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၂-၂၀၂၀)ရက်နေ့ ၊ (၂း၃၀)နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့၊ အောက်ရွာကျေးရွာအုပ်စု အောက်ရွာကျေးရွာနှင့် ကဇုကိုင်းကျေးရွာတို့တွင် ရောက်ရှိခိုလှုံလျက်ရှိသော တိုက်ပွဲရှောင် အိမ်ထောင်စု (၁၄)စု၊ ကျား(၂၄)ဦး၊ မ(၃၃)ဦး၊ စုစုပေါင်း (၅၇)ဦးတို့အား ဆန်ရိက္ခာ (၁)လစာ၊ (၁၇)အိတ်၊ (၁၉)ပြည်၊ (၄)ဘူး၊ တန်ဖိုး (၅၁၃၀၀၀/) အား အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှတဆင့် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_feb2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ သုဝဏ္ဏဝတီမြို့ အုပ်ချုပ်ရေးမှူးတို့နှင့်အတူ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်၊ မင်းတဲစုပိုင်း မီးရထားလမ်းအနောက်ဘက်(ကျူးကျော်)၌ (၁-၂-၂၀၂၀)ရက်နေ့၊ (၀၁:၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးနေအိမ် (၁၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၄)အိမ်ထောင်စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၇)အိမ်ထောင်စုစာကိုလည်းကောင်း၊ လူဦးရေ (၅၁)ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀၇,၁၀၀/-) ကျပ်ကိုလည်းကောင်း မင်းတဲစုရပ်ကွက်၊ အောင်ဇဗ္ဗူဘုန်းကြီးကျောင်း၌ (၁-၂-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_feb2020 … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့၊ ညနေ (၁၇:၅၀) အချိန်တွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်အမ်ကျေးရွာ၌ ထင်းမီးမှ တဆင့်ကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးကြောင့် အိမ်ခြေ(၂)လုံး ပျက်စီးဆုံးရှုံး၊ အမျိုးသမီး(၁)ဦးသေဆုံး၊အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူဦးရေ(၉)ဦးဘေးသင့်ခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးခဲ့သည့်အိမ်ခြေ(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး၊ အိမ်ထောင်စု(၂)စုစာ အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၂၀၀၀၀၀)၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ၊ ကျပ်(၁၆၈၀၀)၊ သေဆုံးသူ(၁)ဦးအတွက်ထောက်ပံ့ငွေ ကျပ်(၃၀၀၀၀၀)၊ ဒဏ်ရာရရှိသူ(၁)ဦးအတွက်ထောက်ပံ့ငွေ ကျပ်(၅၀၀၀၀)၊ စုစုပေါင်းထောက်ပံ့ပေးအပ်ငွေကျပ်(၅၆၆၈၀၀/-)အား တာချီလိတ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာ၀န်ရှိသူများနှင့်အတူ (၃၁-၁-၂၀၂၀)ရက်နေ့၊နေ့လယ်(၁၃:၃ဝ)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ … Read more









