မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

01_Pic_1

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့၊ ညနေ (၁၇:၅၀) အချိန်တွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်အမ်ကျေးရွာ၌ ထင်းမီးမှ တဆင့်ကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးကြောင့် အိမ်ခြေ(၂)လုံး ပျက်စီးဆုံးရှုံး၊ အမျိုးသမီး(၁)ဦးသေဆုံး၊အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူဦးရေ(၉)ဦးဘေးသင့်ခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးခဲ့သည့်အိမ်ခြေ(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး၊ အိမ်ထောင်စု(၂)စုစာ အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၂၀၀၀၀၀)၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ၊ ကျပ်(၁၆၈၀၀)၊ သေဆုံးသူ(၁)ဦးအတွက်ထောက်ပံ့ငွေ ကျပ်(၃၀၀၀၀၀)၊ ဒဏ်ရာရရှိသူ(၁)ဦးအတွက်ထောက်ပံ့ငွေ ကျပ်(၅၀၀၀၀)၊ စုစုပေါင်းထောက်ပံ့ပေးအပ်ငွေကျပ်(၅၆၆၈၀၀/-)အား တာချီလိတ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာ၀န်ရှိသူများနှင့်အတူ (၃၁-၁-၂၀၂၀)ရက်နေ့၊နေ့လယ်(၁၃:၃ဝ)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

 

 

#ha_fir
#shn_feb2020

Source: တာချီလိတ် မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events