Latest News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၄-၂-၂၀၂၀)ရက်နေ နံနက်ပိုင်း(၀၉:၀၀)နာရီအချိန်မှ(၁၀:၃၀)နာရီအချိန်အထိ ဟိုပန်မြို့နယ်၊ မိန်းပန်းအခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းသား/သူ (၁၅၀)ဦးခန့်အားလည်ကောင်း၊ (၁၀:၃၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ ဟိုပန်မြို့နယ်၊ ပန်လုံလမ်းရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း၌ စုစုပေါင်းအင်အား (၁၂၀)ဦးခန့်ကိုလည်းကောင်း၊ နေ့လည်ပိုင်း(၁၃:၀၀)နာရီအချိန်မှ(၁၄:၃၀)နာရီအချိန်အထိ ဟိုပန်မြို့နယ်၊ ရုံးကုန်းရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း၌ စုစုပေါင်းအင်အား (၁၃၀)ဦးခန့်တို့ကို ဘေးအန္တရာယ် မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့်အနေအထားများကိုလက်တွေ့သရုပ်ပြခြင်းများပြုလုပ်ခဲ့ပါကြောင် သတင်းရရှိပါသည်။ Source: … Read more
-
ထိတွေ့ဒဏ်ရာရလူနာများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)မှ (၃၀.၁.၂၀၂၀)ရက်နေ့ (၁၆.၃၅)အချိန်ခန့်တွင် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့မှ သေနတ်ကျည်ထိမှန်မှုကြောင့် လွိုင်လင်မြို့၊ ပြည်သူဆေးရုံသို့ ဆေးကုသမှုခံယူရန် ရောက်ရှိနေသော ဒဏ်ရာရရှိသူ ဦးစိုင်းစံဝင်းအတွက် ဒဏ်ရာရထောက်ပံ့ငွေ ( ၅၀၀၀ဝိ/-)အား (၄.၂.၂၀၂၀)ရက်နေ့ (၁၅.၀၀)နာရီအချိန်ခန့်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #shn_feb2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီ မှ (၁၅: ၀၀) နာရီအထိ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခမဲ့) သင်တန်း၌ သင်တန်းသူ (၅၀) ဦးအား သဘာဝ ဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များ အားသိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည်(၃-၂-၂၀၂၀) ရက်နေ့၌ဖြစ်ပွါးခဲ့သော မုဒုံမြို့နယ်၊ ကင်းချောင်းကျေးရွာ၊ ရွာလယ်ပိုင်းတွင် မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးသွားခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၅၀ဝဝိ/-)၊ မီးဘေးသင့် လူဦးရေ(၈)ဦးအတွက်(၇)ရက်စာဆန်ဖိုးငွေ(၁၆၈၀ဝိ/-)စုစုပေါင်း (၉၁၈၀ဝိ/-)အား(၄-၂-၂၀၂၀)ရက်နေ့(၁၅:၀၀)နာရီအချိန်ခန့်တွင် မီးဘေးသင့်ပြည်သူထံလက်၀ယ် အရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_feb2020 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၄-၂-၂၀၂၀)ရက်နေ့၊ (၁၃:၃၀)နာရီအချိန်မှ (၁၅:၃၀)နာရီအချိန်အထိ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(ကျွဲရှင်း)စာသင်ကျောင်းတွင် ကျောင်းသား/သူများ(၃၀၀)ဦးအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲခြင်းနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား/သူများကို သရုပ်ပြခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အမေးအဖြေကဏ္ဍများ အပြန်အလှန်ပြုလုပ်ပြီးနောက် တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_feb 2020
-
မကွေးမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကွမ်းအုံကျေးရွာအုပ်စု၊ ကွမ်းအုံ တောင်ကျေးရွာတွင် (၃၁-၁-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝ) ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆,၃၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀ဝ) ကျပ်နှင့် အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး တို့အား (၄-၂-၂၀၂၀)ရက်နေ့ (၁၄:၄၅)အချိန်၌ ကွမ်းအုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူ … Read more









