သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

 

4_Pic_024_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၄-၂-၂၀၂၀)ရက်နေ နံနက်ပိုင်း(၀၉:၀၀)နာရီအချိန်မှ(၁၀:၃၀)နာရီအချိန်အထိ ဟိုပန်မြို့နယ်၊ မိန်းပန်းအခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းသား/သူ (၁၅၀)ဦးခန့်အားလည်ကောင်း၊  (၁၀:၃၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ ဟိုပန်မြို့နယ်၊ ပန်လုံလမ်းရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း၌ စုစုပေါင်းအင်အား (၁၂၀)ဦးခန့်ကိုလည်းကောင်း၊ နေ့လည်ပိုင်း(၁၃:၀၀)နာရီအချိန်မှ(၁၄:၃၀)နာရီအချိန်အထိ ဟိုပန်မြို့နယ်၊ ရုံးကုန်းရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း၌ စုစုပေါင်းအင်အား (၁၃၀)ဦးခန့်တို့ကို ဘေးအန္တရာယ် မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊  ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့်အနေအထားများကိုလက်တွေ့သရုပ်ပြခြင်းများပြုလုပ်ခဲ့ပါကြောင် သတင်းရရှိပါသည်။

Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#shn_feb 2020

 

Sign Up

Upcoming Events