ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၌ စူပါအယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း  - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စူပါအယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်စပ်လျဉ်းသည့် Talk Show ပြုလုပ်မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ် (၁၀)ရပ်ကွက်များ၌ စူပါအယ်လ်နီညိုအပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက် မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း - အိမ်မဲမြို့နယ်ရှိ ချောင်းဝရပ်ကွက်၊ အိမ်မဲကြီးရပ်ကွက်နှင့် အထက်ပိုင်းရပ်ကွက်တို့၌ စူပါအယ်နီညို ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်ရှိ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း
Revolution Slider Error: The param width not found in slider params.

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက်(၈၆၀)၊ သုခလမ်းမြောက်ဘက်၌ (၁-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ(၁၇)လုံး၊ အိမ်ထောင်စု(၂၃)စုမှ လူဦးရေ(၇၄)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁၇)စုစာ၊ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး အိမ်ထောင်စု(၆)စုစာ၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၅,၄၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁,၇၀၀,၀၀၀/-) တို့ကို (၂-၃-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_fir #mdy_mar2020 Source:           မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • School Cum Shelter တည်ဆောက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီအဖွဲ့နှင့်အတူ (၃-၃-၂၀၂၀) ရက်နေ့တွင် လပွလပွတ္တာမြို့နယ်၊ ‌ရွေးကျေးရွာအုပ်စု၊‌ ဂွေးခေျာင်းကျေးရွာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် School Cum Shelter တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်(၁၀၀%) ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_mar2020 Source:           လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု(မြို့နယ်အဆင့်) သင်တန်း ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု( မြို့နယ် အဆင့်) သင်တန်းအား(၃-၃-၂၀၂၀)ရက်နေ့ (၀၈:၃၀) နာရီ ဖရူဆိုမြို့၊ မြို့နယ်အေထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေခန်းမတွင် သင်တန်းသားဦးရေ (၄၃) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၃-၃-၂၀၂၀) ရက်နေ့မှ (၅-၃-၂၀၂၀)ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ #ar #kyh_mar2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ (၁.၃..၂၀၂၀)ရက်နေ့တွင်ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပိတောက်ကုန်းကျေးရွာအုပ်စု၊ ရသေ့ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့်ဘေးသင့်ခဲ့သည့် အိမ်ခြေ(၆)လုံး အိမ်ထောင်စု(၆)စုမှ လူဦးရေ(၂၁)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၆၀၀၀၀၀ိ/-)၊ လူဦးရေ(၂၁)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၄၄၁၀၀ိ/-)စုစုပေါင်း (၆၄၄၁၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပုံး(၅)ပုံးနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံး(၁)ပုံးတို့အား (၃.၃..၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံလက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_mar2020 Source:            ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • (၂၅-၂-၂၀၂၀)ရက်နေ့မှ (၂-၃-၂၀၂၀)ရက်နေ့အထိ နေ့စဉ်တိုင်းတာရရှိ သည့် လေအရည်အသွေး (PM2.5) အခြေအနေများ

     

  • မြို့နယ်ဦးစီးမှူးရုံးဖွင့်ပွဲကျင်းပခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၃.၃.၂၀၂၀)နေ့တွင် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်ပွဲကို တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပြီး တက်ရောက်လာသောဌာနဆိုင်ရာများအား ဦးစီးဌာန၏ လုပ်ဆောင်နေသောလုပ်ငန်းတာဝန်များအား မိတ်ဆက်တင်ပြကာ လက်ဖက်ရည်မုန့်တို့နှင့် တည်ခင်းဧည့်ခံခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_mar2020 Source:            မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)