မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

3_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက်(၈၆၀)၊ သုခလမ်းမြောက်ဘက်၌ (၁-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ(၁၇)လုံး၊ အိမ်ထောင်စု(၂၃)စုမှ လူဦးရေ(၇၄)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁၇)စုစာ၊ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး အိမ်ထောင်စု(၆)စုစာ၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၅,၄၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁,၇၀၀,၀၀၀/-) တို့ကို (၂-၃-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_fir

#mdy_mar2020

Source:           မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events