ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၌ စူပါအယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း  - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စူပါအယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်စပ်လျဉ်းသည့် Talk Show ပြုလုပ်မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ် (၁၀)ရပ်ကွက်များ၌ စူပါအယ်လ်နီညိုအပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက် မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း - အိမ်မဲမြို့နယ်ရှိ ချောင်းဝရပ်ကွက်၊ အိမ်မဲကြီးရပ်ကွက်နှင့် အထက်ပိုင်းရပ်ကွက်တို့၌ စူပါအယ်နီညို ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်ရှိ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း
Revolution Slider Error: The param width not found in slider params.

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • IDP စခန်းများတွင် COVID-19 ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစီမံချက် ရေးဆွဲရေး ညှိနှိုင်းဆွေးနွေး

    မတ်လ ၂၄ ရက်၊ နေပြည်တော် ပြည်တွင်းနေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းများ (IDP စခန်းများ)တွင် COVID-19 ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက် နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ ညှိနှိုင်းအစည်းအဝေးတွင် COVID-19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါသည် ကူးစက်ပြန့်နှံ့ လွယ်ပြီး၊ မြန်မာနိုင်ငံတွင်လည်း စတင်ကူးစက်ခံရပြီဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါ ကာကွယ်၊ … Read more

  • သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၃-၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ထီးဒူးလယ်ကျေးရွာနှင့် ကေးလျားကျေးရွာအုပ်စု၊ ဒေါဗျားကူးကျေးရွာတို့၌ သောက်သုံးရေ ဂါလံ(၁၄၀၀)စီ ကိုလည်းကောင်း၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ပရယ်တော်ကျေးရွာနှင့် မိုဆိုကျေးရွာအုပ်စု၊ မိုဆိုကျေးရွာတို့၌ သောက်သုံးရေဂါလံ(၃၂၀၀)စီတို့ကို လည်းကောင်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 Source:           ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၂၀) ရက်နေ့တွင် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ရွှေဘုံသာရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁)လုံးပေါ်သို့ အုန်းပင်ပြိုလဲကျပျက်စီးခဲ့ရာ အဆိုပါ အိမ်ထောင်စုမှ အသက် (၁၈) နှစ်အထက် ကျား (၁) ဦး၊ မ (၁) ဦး၊ အသက်(၁၈)နှစ်အောက် မ (၂)ဦး၊ စုစုပေါင်း လူဦးရေ (၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀) ကျပ်အား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ … Read more

  • သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း

      လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၃-၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ဆီမွန်းအုပ်စု၊ လကပ်ကျေးရွာရှိ အိမ်ထောင်စု (၃၀) အား တစ်လီတာ ရေသန့်ဗူး(၆)ဗူးပါ ရေဗူးကဒ် (၃၀) အားလည်ကောင်း၊နံနက်(၁၁:၀၀)နာရီအချိန်တွင် ဝမ်ဟွေရပ်ကွက် တွင် သောက်သုံးရေ ဂါလန် (၁,၂၀၀) အားလည်ကောင်း၊ မွန်းလွဲ (၂:၀၀)နာရီအချိန်တွင် ဟကြားဟုန် ကျေးရွာတွင် ရေဂါလန်(၁,၂၀၀)တို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးတို့နှင့်အတူ သွားရောက်၍ ‌ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ … Read more

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ (၂၄-၃-၂၀၂၀)ရက် စစ်တွေမြို့၊ ဃောသိတာရုံဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၂)စု လူဦးရေ(၅)ဦး၊ အမျိုးသားကျောင်းတိုက်၌ အိမ်ထောင်စု(၃) စု လူဦးရေ(၇) ဦး၊ကယုချောင်းဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု (၁)စု လူဦးရေ (၃)ဦး ထပ်တိုးရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခာ(၂)ပတ်စာအားလည်းကောင်း၊ ဆည်ကြီးဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၅)စု လူဦးရေ(၂၂)ဦး တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခာတစ်လစာ အားလည်းကောင်း သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_otr #rke_mar2020 Source:                       ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ဟင်္သာတမြို့နယ်၊ သင်္ဘန်း ကုန်းအုပ်စု၊ ဗောဓိကုန်းကျေးရွာတွင် (၂၃-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းခဲ့သည့် အိမ်ခြေ(၁) လုံး၊ အိမ်ထောင်စု(၁) စု၊ လူဦးရေ(၂) ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၂) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ ထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆) မျိုးတို့အား … Read more