မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

24_ Pic _ 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ဟင်္သာတမြို့နယ်၊ သင်္ဘန်း ကုန်းအုပ်စု၊ ဗောဓိကုန်းကျေးရွာတွင် (၂၃-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းခဲ့သည့် အိမ်ခြေ(၁) လုံး၊ အိမ်ထောင်စု(၁) စု၊ လူဦးရေ(၂) ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၂) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ ထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆) မျိုးတို့အား (၂၄-၃-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင်  သက်ဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#ayy_mar2020

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events