Latest News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းနှင့်ပူးပေါင်း၍ (၃၁-၃-၂၀၂၀) ရက်နေ့၊ ည (၂၀ :၀၀) နာရီအချိန်မှစတင်ပြီး ဟင်္သာတမြို့နယ်၊ (တာငါး ဆယ် တောင်ရပ်ကွက်/မြောက်ရပ်ကွက်၊ လက်သမားရပ်ကွက်တို့တွင် လှည့်လည်ပြီး လတ်တလော ဖြစ်ပွားလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်တို့အား ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀)ရက်နေ့ နံနက်(၁၀း၃၀) အချိန်မှ (၁၁း၀၀)အချိန်အထိ ကျောက်ဖြူမြို့နယ်၊ ငလပွေ့ရပ်ကွက်၊ ငလပွေ့ဆိပ်ကမ်းတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှုးရုံး (ဘစမ) #ar #rke_apr2020
-
Covid – 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး ပန်ကြားချက်များ လှည့်လည် ဟောပြောမှုသတင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ ၊ မော်ဖောင်းလော်ဝေါ်နှစ်ခြင်း IDPs စခန်း၊ မော်ဖောင်းခါနန်နှစ်ခြင်း IDPs စခန်း၊ နန်းကွေ့စိန်ယောဟန် IDPs စခန်း၊ စီတာပူနှစ်ခြင်း IDPs စခန်းများရှိ အိမ်ထောင်စု စုစုပေါင်း(၁၂၈) စုအတွက် ဆပ်ပြာတောင့် (၁၂၈) တောင့်အားပေးဝေခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည် … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှား ပါးမှုအခက်အခဲကြုံနေရသော ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဇီးပြားကျေးရွာအုပ်စု၊ အန်းတား ကျေးရွာရှိ အိမ်ခြေ (၅၃) စု၊ လူဦးရေ (၃၀၆) ဦးတို့ အတွက် (၃၁-၃-၂၀၂၀) ရက်နေ့၊ ( ၁၄ : ၀၀ ) နာရီမှ (၁၇ : ၀၀) နာရီအချိန်ထိ သောက်သုံးရေဂါလံ (၁၆၀၀) အား လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် မအူ ပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ (၆) ရွာ၌ COVID-19 ရောဂါကူးစက် ပျံ့ပွား မှုများ မဖြစ်ပွားစေရန်အတွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန် အချက်များအား လှည့်လည် ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_apr2020
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ (၃၁-၃-၂၀၂၀) ရက်နေ့ ညနေ (၃:၃၀) မှ (၆:၃၀) အချိန်အထိ မြိတ်မြို့၊ ငွေပုလဲရပ်ကွက်နှင့် ရှမ်းချောင်းရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါ ပျံနှံမှုများမဖြစ်ပွားစေရန်အတွက် အသိပေးကြေငြာချက်များအား ဟန်းစပီကာ ဖြင့်အသိပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းနှင့် ဗီနိုင်းကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_mar2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









