Latest News
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်ြ့ပန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လင်းခေးခရိုင်၊ မိုးနြဲမို့နယ်၊ နောင်လိုင်ကျေးရွာအုပ်စု၊ ခဲတောင်ကြီး ကျေးရွာတွင် (၂-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသော လေပြင်းဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀,၀၀၀) ကျပ်အား (၄-၄-၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါ သည်။ #ha_sgw #shn_apr2020 Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကြိုတင်ကာကွယ်ရေး ပြည်သူသို့ ပန်ကြားချက် အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်ြ့ပန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဝမ်ဟတ်ကျေးရွာ၊ ဟိုကွန်ကျေးရွာ၊ ဟန်လွိုင်ကျေးရွာများ၌ ယခုလတ်တလောဖြစ်ပေါ်နေသောကူးစက်မြန်ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များမှတစ်ခြုဖစ်သောအသိပညာပေးပန်ကြားချက်အား (၄-၄-၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ၊ ရှမ်း (၂) ဘာသာဖြင့် ဟောပြောပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_apr2020 Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
(Covid-19)ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀)ရက်နေ့တွင် ချောက်မြို့နယ်အတွင်းရှိ ရေတွင်းကျေးရွာနှင့် ရေတွင်းရွာသစ်ကျေးရွာများသို့ (Covid-19)ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။ #ar #mgy_apr2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ ပန်ကြားချက်များ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀)ရက်နေ့ (၁၀:၀၀)အချိန်မှ (၁၃:၀၀) အချိန်ထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာ၊ ကျိုက္ကသာကျေးရွာနှင့် ခလွန်ကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာ များတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူ သို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်အသိပေးကြေငြာခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_apr2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့ နံနက်(၀၇:၀၀)အချိန်မှစတင်ပြီး မကွေးမြို့နယ်၊ ဂွေးတောက်စမ်းကျေးရွာ၊ ကျစ်စုံပွေးကျေးရွာ၊ ဖိုကုန်းကျေးရွာနှင့် သံဘိုလေးကျေးရွာများသို့ များသို့လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန တို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #mgy_apr2020
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့တွင် မိုင်းခုတ်မြို့နယ်၊ ထူးဒေါ့ကျေးရွာ၊ နားလည်ကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်း နှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_apr2020









