လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ အမှတ် (၁) ရပ်ကွက်၊ ဗဟိုလမ်း၌ မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၂၄)ရက်နေ့ ပုလောမြို့နယ်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဗဟိုလမ်းတွင် မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀,၀၀ဝိ/-)ကျပ်၊ ဘေးသင့် အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး (၁၀,၅၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၀,၅၀၀ိ/-) ကျပ်အား (၅-၂-၂၀၂၄)ရက်နေ့ (၁၀း၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_feb_2024 Source:  ပုလောမြို့နယ်ဦးစီးမှူးရုံး(ဘစမ)    

  • ပုဗ္ဗသီရိမြို့နယ်အတွင်း လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် ထောက်ပံ့သည့်အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့၏ ပူးပေါင်းဆောင်ရွက်မှုအစီအစဥ်အရ (၃-၂-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၀၀) အချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ သီရိမဏ္ဍိုင်လမ်းနှင့် ချင်းတွင်းလမ်းထောင့်ရှိ ပုဗ္ဗသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပုဗ္ဗသီရိမြို့နယ်အတွင်း လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် ထောက်ပံ့သည့်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီ ညွှန်ကြားရေးမှူး ဦးသူအောင်၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ … Read more

  • ပုလောမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလော မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၂၄)ရက်နေ့ ၊ နံနက် (၁၁:၀၀) နာရီတွင် ပုလောမြို့နယ်ရှိ အမှတ်(၄) အခြေခံ ပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းများနှင့် ကျောင်းသား/သူများအတွက် ဘောလ်ပင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_feb_2024 Source:  ပုလောမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ပုလောမြို့နယ်ရှိ အ.မ.က(၃) အခြေခံပညာမူလတန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလော မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၂၄)ရက်နေ့ ၊ မွန်းလွဲ (၂:၀၀)နာရီချိန်တွင် ပုလောမြို့နယ်ရှိ အ.မ.က(၃) အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ဆရာမ (၂၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းများ၊ ကျောင်းသား/သူများအတွက် ဘောလ်ပင်နှင့်ခဲတံများဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_feb_2024 Source:  ပုလောမြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • မီးဘေးထောက်ပံ့ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ အထောင်မြို့၊ အမှတ် (၃) ရပ်ကွက်၊အင်းဖျားကျေးရွာတွင် (၃၁-၁-၂၀၂၄)ရက်နေ့၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် လုံးဝပျက်စီး နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊ အိမ်ထောင်စု(၁)စုမှ စုစုပေါင်း လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၁၀,၅၀၀ိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၀,၅၀၀ိ/-)နှင့် ထောက်ပံ့ငွေ(၄၆,၀၃၆/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)အိမ်ထောင်စာတို့အား(၁-၂-၂၀၂၄) ရက်နေ့ (၁၁း၃၀)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_janauary_2024 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ၊ ကွမ်းတောကျေးရွာ တို့၌ လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရေးရန်နှင့် အန္တရာယ်ကျရောက်မှုလျော့နည်းစေရန် ဝါးထရံ၊ သွပ်အစရှိသည်များထောက်ပံ့မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့သည် (၁-၂-၂၀၂၄)ရက်နေ့ ၊ (၁၂:၀၀) အချိန်တွင် တပ်ကုန်းမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်း ကျေးရွာ၊ ကွမ်းတောကျေးရွာတို့၌ လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရန် အန္တရာယ်‌ကျရောက်မှု‌ ‌လျော့နည်းစေရန်ရည်ရွယ်၍ အမှီအခိုကင်းသည့် သက်ကြီးရွယ်အိုများ၊  အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများမှ လိုအပ်လျက်ရှိသောနေအိမ်များနှင့် ကျေးရွာအတွင်း လိုအပ်လျက်ရှိသော (ဆင်းရဲနွမ်းပါးမှု/ကြံ့ခိုင်မှုမရှိသည့်) နေအိမ်များ၊ မဖြစ်မနေပြုပြင်ရန် လိုအပ်သော နေအိမ် များအား ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ရန်အတွက် ဝါးထရံ၊  သွပ် အစရှိသည်များကို … Read more