Latest News
-
Covid-19နှင့်ပတ်သက်၍အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၄-၂၀၂၀)ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိ ဝမ်းသာအုပ်စု၊ ဟံဇားအုပ်စု၊ ကျောက်ဖရားအုပ်စု၊ သဲပုံအုပ်စုရှိ ကျေးရွာ (၁၁)ရွာအတွင်းရှိ ပြည်သူများအား Covid-19နှင့်ပတ်သက်၍ အသိပညာပေးဟောပြော ခဲ့ကြောင်း သိရှိရပါသည်။ #ar #mdy_apr2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လင်းခေးမြို့နယ်၊ ဝမ်တိန် ကျေးရွာ၊နားလင်းကျေးရွာ၊ နမ့်တွန်ကျေးရွာများ၌ ယခုလတ်တလောဖြစ်ပေါ်နေသော ကူးစက် မြန်ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များမှတစ်ခုဖြစ်သော အသိပညာပေး ပန်ကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို (၅-၄-၂၀၂၀) ရက်နေ့ နံနက်ပိုင်း တွင် မြန်မာ၊ ရှမ်း (၂) ဘာသာဖြင့် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_apr2020 Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ အောင်းစိုင်ကျေးရွာအုပ်စု၊ အောင်စိုင်းတောင်အရှေ့ကျေးရွာနှင့် ဒေးဗရိန်း ကျေးရွာအုပ်စု၊ သင်တောကျေးရွာ၊ ကမာပေါင်ကျေးရွာ၊ ကျောက်တန်းကျေးရွာများတို့တွင် COVID -19 ကူးစက်ရောဂါ နှင့်ပတ်သက်၍ အသိပညာပေးခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_apr2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနတို့နှင့်အတူပူးပေါင်း၍ (၅-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီ ပုသိမ်စုကျေးရွာ အုပ်စုအတွင်း၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များကို Hand Speaker၊ Loud Speaker များဖြင့် ကျေးရွာများအတွင်းလှည့်လှည်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_apr2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့ တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ပေါ် လောက်ကိုင်စျေး (အပေါ်စျေး၊ အောက်စျေး) နှစ်နေရာတွင် (၀၈:၃၀) အချိန်မှ (၁၀:၃၀) အချိန်ထိ Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်း၊ လက်ကမ်း စာစောင် (မြန်မာ၊ ကိုးကန့်) ဘာသာတို့ဖြင့် ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_apr2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမ ံခန့်ခွဲမှုဦးစီးဌာန၊ကော့သောင်းခရိုင်ဦ:စီးမှူးရုံးမှ တာဝန်ရှိသူများသည်(၅−၄−၂၀၂၀)ရက်နေ့တွင် ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်အတွင်းရှိပြည်သူများအား covid 19 ကူးစက်ရောဂါနှင့် ပက်သက်၍အသိပညာပေးခြင်း၊ လော်စပီကာ၊Hand Speaker ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_apr2020









