ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း - မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေစမ်းကျေးရွာအုပ်စု၊ သပြေစမ်းကျေးရွာတွင် ဖြစ်ပွားခဲ့သောလေဘေးအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေစမ်းကျေးရွာအုပ်စု၊ သပြေစမ်းကျေးရွာတွင် (၁၆-၅-၂၀၂၄)ရက်နေ့၊ (၁၆:၀၀) နာရီအချိန်၌ ဖြစ်ပွားခဲ့သော  လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၂၀,၀၀၀/-)၊ အိမ်ထောင်စု (၄) စုမှ  ဘေးသင့်လူဦးရေ (၂၀) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄၂,၀၀၀/-)၊  စုစုပေါင်းထောက်ပံ့ငွေ (၁၆၂,၀၀၀/-) အား (၁၇-၅-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင်  သပြေစမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ သပြေစမ်းကျေးရွာတာဝန်ရှိသူများနှင့်အတူ … Read more

  • သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကြီးဈေးတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၂၄) ရက်နေ့တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကြီးဈေးတွင် မိုးကြိုကာလတွင် အများဆုံးဖြစ်ပွားလေ့ရှိသော လေပြင်းဘေးအန္တရာယ်၊ မိုးနှောင်းကာလတွင်ဖြစ်ပွားလေ့ရှိသော မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန် အချက်များကို   လမ်းသွားလမ်းလာပြည်သူများ၊ စျေးအတွင်းရှိစျေးဆိုင်များ၊ စျေးဝယ်ပြည်သူများ သိရှိစေရန်အတွက် အသိပညာပေးလှည့်လည်နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ လိုက်လံဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #ygn_may_2024 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မင်းဘူး (စကု) မြို့နယ်၊ ပေါက်ကုန်းကျေးရွာတွင် သောက်သုံးရေထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၂၄) ရက်နေ့တွင် သောက်သုံးရေ လိုအပ်လျက်ရှိသည့် မင်းဘူး (စကု) မြို့နယ်၊ ပေါက်ကုန်းကျေးရွာရှိ အိမ်ထောင်စု (‌၁၂၂) စုမှ လူဦးရေ (၄၇၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၄,၀၀၀) အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may_2024 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မင်းဘူး (စကု) မြို့နယ်၊ အမှတ် (၄) ရွှေဝါကုန်းရပ်ကွက်နှင့် မကျီးချောင်းကျေးရွာတွင် သောက်သုံးရေ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၄) ရက်နေ့တွင် သောက်သုံးရေ လိုအပ်လျက်ရှိသည့် မင်းဘူး(စကု)မြို့နယ်၊ အမှတ် (၄) ရွှေဝါကုန်းရပ်ကွက်နှင့် မကျီးချောင်းကျေးရွာရှိ အိမ်ထောင်စု (၅၉၈) စုမှ လူဦးရေ (၂,၈၆၄) ဦးတို့အတွက် သောက်သုံးရေဂါလံ (၅,၆၀၀) အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may_2024 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မင်းဘူး (စကု) မြို့နယ်၊ လက်ပံတပင်ကျေးရွာတွင် သောက်သုံးရေ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၂၄) ရက်နေ့တွင် သောက်သုံးရေလိုအပ်လျက်ရှိသည့် မင်းဘူး (စကု) မြို့နယ်၊ လက်ပံတပင်ကျေးရွာရှိ အိမ်ထောင်စု (၂၀၈) စုမှ လူဦးရေ (၇၆၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၄,၀၀၀) အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may_2024 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မင်းဘူး (စကု) မြို့နယ်၊ ရွာသာကျေးရွာတွင် သောက်သုံးရေထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၄) ရက်နေ့တွင် သောက်သုံးရေ လိုအပ်လျက်ရှိ‌‌သည့် မင်းဘူး (စကု) မြို့နယ်၊ ရွာသာကျေးရွာရှိ အိမ်ထောင်စု (၄၁၀) စုမှ လူဦးရေ (၁,၅၀၀) ဦးတို့အတွက် ရေဂါလံ (၅,၆၀၀) အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may_2024 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)