ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း - မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ကျောက်ကြီးချောင်းဆီအုန်းစခန်းအနီးတွင် ဖြစ်ပွားခဲ့သော ဆင်နင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ကျောက်ကြီးချောင်းဆီအုန်းစခန်းအနီးတွင် (၁၂-၅-၂၀၂၄) ရက်နေ့၌ ဖြစ်ပွားခဲ့သော  ဆင်နင်းဘေးကြောင့်  သေဆုံးသူ(၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-) အား (၁၆-၅-၂၀၂၄) ရက်နေ့၊ နေ့လည်(၁၁:၃၀)အချိန်တွင်  ဘုတ်ပြင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့်  ဘေးသင့်ပြည်သူ၏ မိသားစုထံသို့ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #‌tny_may_2024 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • နေပြည်တော်တိုင်းဒေသကြီး၊ ဒက္ခိဏသီရိမြို့နယ်တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၂၄) ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဒက္ခိဏစျေးနှင့် ရန်အောင်မြင်စျေးများသို့ မိုးကြိုကာလတွင် အများဆုံးဖြစ်ပွားလေ့ရှိသော လေပြင်းဘေးအန္တရာယ်၊ မိုးနှောင်းကာလတွင်ဖြစ်ပွားလေ့ရှိသော မိုးကြိုးဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များကို ပြည်သူများသိရှိစေရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များ သွားရောက်ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_may_2024 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • အင်္ဂပူမြို့နယ်၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကညွှတ်ကွင်းကျေးရွာအုပ်စု၊ ဘဲပြာကျေးရွာတွင် ဖြစ်ပွားခဲ့သောမီးဘေးထောက်ပံ့ပြီးစီးမှုသတင်း

    လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကညွှတ်ကွင်း ကျေးရွာအုပ်စု၊ ဘဲပြာကျေးရွာတွင် (၁၄-၅-၂၀၂၄) ရက်နေ့ (၂၃:၁၀) နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် လုံးဝပျက်စီးနေအိမ်    (ဝါး-၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝိ/-) နှင့် လူဦးရေ (၂) ဦးအတွက်ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၄,၂၀ဝိ/-) စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄,၂၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ တစ်အိမ်ထောင်စာတန်ဖိုးငွေကျပ် (၄၆,၀၃၆/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၅၀,၂၃၆)နှင့် စက္ကူပုံးတစ်ပုံးတို့ကို … Read more

  • သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ တာဝဈေးတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၂၄) ရက်နေ့တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ တာဝဈေးတွင် လမ်းသွားလမ်းလာပြည်သူများ၊ စျေးဆိုင်များ၊ စျေးဝယ်ပြည်သူများအား မိုးကြိုကာလတွင်အများဆုံးဖြစ်ပွားလေ့ရှိသော လေပြင်းဘေးအန္တရာယ်၊ လာမည့် မိုးနှောင်းကာလတွင်ဖြစ်ပွားလေ့ရှိသော မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန် အချက်များကို  အသိပညာပေးလှည့်လည်နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ လိုက်လံဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_may_2024 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme_PFP) စတင်အသုံးပြုလျက်ရှိကြောင်းအသိပေးကြေညာခြင်း

  • ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညှာရပ်ကွက် ဒေသခေါ် (၁မိုင်ခွဲ)ကျေးရွာ၌ မိုင်းနင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊  ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညှာရပ်ကွက် ဒေသခေါ် (၁မိုင်ခွဲ)ကျေးရွာတွင် (၂-၅-၂၀၂၄) ရက်နေ့၌ ဖြစ်ပွားခဲ့သော  မိုင်းနင်းဘေးသင့် ဒဏ်ရာရပြည်သူ(၁)ဦးအတွက်  ထောက်ပံ့ငွေ (၅၀,၀၀ဝိ/-) အား (၁၆-၅-၂၀၂၄) ရက်နေ့၊ နေ့လည်(၁၂:၀၀)အချိန်တွင်  ဘုတ်ပြင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့်  ဘေးသင့်ပြည်သူထံ သို့ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #‌tny_may_2024 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)