လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၄) ရက်နေ့တွင် သောက်သုံးရေ လိုအပ်လျက်ရှိသည့် မင်းဘူး(စကု)မြို့နယ်၊ အမှတ် (၄) ရွှေဝါကုန်းရပ်ကွက်နှင့် မကျီးချောင်းကျေးရွာရှိ အိမ်ထောင်စု (၅၉၈) စုမှ လူဦးရေ (၂,၈၆၄) ဦးတို့အတွက် သောက်သုံးရေဂါလံ (၅,၆၀၀) အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_drg
#mgy_may_2024
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)