လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • အိမ်မဲမြို့နယ်၊ ရေသိုးညောင်ဝိုင်းကျေးရွာနှင့် ချောင်းဖျားကျေးရွာများတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၂၄) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ ရေသိုးညောင်ဝိုင်းကျေးရွာနှင့် ချောင်းဖျားကျေးရွာများ၌  မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသောလေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/‌ ရှောင်ရန်အချက်များအား ပြည်သူများသိရှိစေရန်အတွက် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may_2024 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ ဦးဆောင်၍ (၂၇-၅-၂၀၂၄) ရက်နေ့ မှ (၃၀-၅-၂၀၂၄) ရက်နေ့အထိ (၄) ရက်ကြာ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၂/၂၀၂၄) ကို သင်တန်းသား/သူ (၃၀) ဦးတို့အား သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို (၃၀-၅-၂၀၂၄) ရက်နေ့ (၁၆း၄၅) အချိန်တွင်ပြုလုပ်ပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may_2024 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မြောင်းမြမြို့နယ်၊ ပျဉ်ရွာကျေးရွာနှင့် ဒရယ်ပေါက်ကျေးရွာများတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၂၄) ရက်နေ့တွင်  မြောင်းမြမြို့နယ်၊ ပျဉ်ရွာကျေးရွာနှင့် ဒရယ်ပေါက်ကျေးရွာများ၌  မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/‌ ရှောင်ရန်အချက်များအား  ပြည်သူများသိရှိစေရန်အတွက် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_may_2024 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • တွံ့တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဦးထွန်းအိုရပ်ကွက်၊ သဇင်လမ်းတွင် ဖြစ်ပွားခဲ့သောလေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၅-၅-၂၀၂၄) ရက်နေ့ (၁၉:၃၀) နာရီ အချိန်ခန့်တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့်   တွံ့တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊  ဦးထွန်းအိုရပ် ကွက်၊ သဇင်လမ်း၌  မန်ကျည်းပင်လဲကျပြီး သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ကာ (၁) ထပ်နေအိမ် (၁)လုံး အမိုးလန် ပျက်စီးခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝိ/-)နှင့်  ဘေးသင့်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၈,၄၀ဝိ/-) တို့အား (၂၈-၅-၂၀၂၄) ရက်နေ့ … Read more

  • တွံ့တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၄) ရက်နေ့ (၁၃း၀၀) နာရီအချိန်မှ (၁၄း၃၀) နာရီအချိန်အထိ တွံ့တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  အုပ်ချုပ်ရေးမှူး/ ရပ်ကျေးစာရေးများနှင့် ပြည်သူလူထု (၂၀၀) တို့အား လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  ဆောင်ရန်/ ရှောင်ရန်အချက်များသိရှိနိုင်စေရန်အတွက် သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_may_2024 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေကြီးခြင်းသတိပေးချက်

    ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂) ပေခွဲခန့် (၇၂ စင်တီမီတာ) တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၁) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ မြစ်ငယ်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။