မင်းဘူး(စကု)မြို့နယ်၊ ‌ရွာသာကျေးရွာ၊ ကျွဲသိုးမျှောင်ကျေးရွာ၊ ထောက်ရှာပင်ကျေးရွာနှင့် တပင်ကျေးရွာ တို့တွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၇-၂၀၂၄) ရက်နေ့၊  နေ့လယ် (၀၂:၀၀) နာရီမှ (၀၅:၀၀) နာရီအချိန်အထိ မင်းဘူး(စကု)မြို့နယ်၊ ‌ရွာသာကျေးရွာ၊ ကျွဲသိုးမျှောင်ကျေးရွာ၊ ထောက်ရှာပင် ကျေးရွာနှင့် တပင်ကျေးရွာတို့၌ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်ပူးပေါင်း၍ ပြည်သူများသိရှိနိုင်စေရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

#ar

#mgy_Jul2024

Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events