သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၂၄) ရက်နေ့တွင် ကံမြို့နယ်အတွင်းရှိ မြစ်၊ ချောင်း၊ ကမ်းပါးနှင့်နီးသော ရပ်ကွက်/ကျေးရွာများဖြစ်သည့် ကံမမြို့နယ်၊ အမှတ် (၁/၂/၃/၄)ရပ်ကွက်၊ ဂျွန်းတောင်ကျေးရွာတို့တွင် ရေဘေး၊ မြေပြိုဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက် များကို ပြည်သူများသိရှိနိုင်စေရန် လိုက်လံနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mgy_Jul2024

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events