Latest News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ စက္ကော့ရေလယ်ကျွန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆) ရွာ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေးအသံဖိုင်အား ဖွင့်လှစ်၍ အသိပညာပေးခြင်း၊ လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မြေအက်ကွဲကြောင်းများပေါ်ပေါက်လာမှုအခြေအနေအားကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ ယင်းမူကုန်းကျေးရွာအုပ်စု၊ ယင်းမူကုန်းကျေးရွာ၌ ပေါ်ပေါက်လာသော မြေအက်ကွဲကြောင်းနှင့် ဓါတ်ငွေ့များစိမ့်ထွက်လာမှုအကြောင်း သတင်းရရှိခဲ့ရာ ရွှေတောင်မြို့နယ် အထွေထွေအုက်ချုပ်ရေးဦးစီးဌာန၊ မြစ်ချောင်းဖြိုးဦးစီးဌာနနှင့် ပြည်တောင်တန်းရေနံမြေမှ ဘူမိဗေဒပညာရှင်များ၊ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းလေ့လာဆန်းစစ်ခဲ့ပြီး ရပ်ရွာလူထုအား ဖြစ်စဉ်အားသုံးသပ်ပြခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရန်များအားရှင်းလင်းတင်ပြခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #lsd #bgo_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၁-၅-၂၀၂၀)ရက်နေ့၌ သရက် ချောင်းမြို့နယ်အတွင်းရှိ ချောင်းဝပြင်ကျေးရွာနှင့် ကျွဲခြံ ကျေးရွာတို့တွင် လော်စပီကာ၊ Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်မှစ၍ နေ့လည်(၁၄:၃၀)နာရီအချိနိအထိ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ လက်ပံကုန်းကျေးရွာ၊ ဖိုးအောင်နီကျေးရွာ၊ ညောင်ချောင်းကျေးရွာ၊ လယ်တောချောင်းကျေးရွာ၊ တခွန်တိုင်ကျေးရွာ၊ ပျဉ်းမငူကျေးရွာ၊ လွှစင်စုကျေးရွာ၊ တလုပ်ထော်ကျေးရွာ၊ အနောက်စု ကျေးရွာ၊ ခလောက်သိုက်ကျေးရွာနှင့် အရှေ့ဥယျာဉ်စုကျေးရွာတို့၌ လတ်တလောနိုင်ငံ အသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို ရပ်ကွက်နေပြည်သူလူထုအား အသိပညာပေးလှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ သဒ္ဓမ္မကျွန်း ကျေးရွာတွင် ကမ်းပြိုပြောင်းရွှေ့အိမ်ခြေ(၁၂)လုံး၊ အိမ်ထောင်စု(၁၂)စုရှိ လူဦးရေ(၅၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၁၅၅၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ (၁၃၁၅၅၀၀/-)ကျပ်ကို (၂၁-၅-၂၀၂၀)ရက်နေ့(၁၃:၄၅)နာရီ အချိန်တွင်အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်အတူဘေးသင့်ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_ rbe #ayy_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့ (၀၈:၀၀)နာရီချိန်မှ (၁၂:၀၀) နာရီထိ ဟင်္သာတမြို့နယ်အတွင်းရှိ ကျုံတွမ်အုပ်စု(အိုးဘို၊ နတ်ချောင်း၊ ကျုံတွမ်တောင်) ကျေးရွာ တို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များအား ကျေးရွာနေပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)









