ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သတ်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊‌ သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သင်္ကန်းပင်ဆိပ်ကျေးရွာ၊ သောင်ရွာကျေးရွာ၊ မယင်းချောင်ကျေးရွာတို့၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာရှိတာ၀န်ရှိသူများနှင့်အတူ (၂၁-၅-၂၀၂၀)ရက်နေ့၌ (၁၁:၃၀)နာရီအချိန်၌ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ayy_may2020 Source:       သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်မြေသာစံမြို့နယ်၊ အမရဌာနီရပ်ကွက်၌ (၁၀-၅-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်အိမ်(၁)လုံး၊ ပြိုကျအိမ်(၁)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၅)ဦး လေဘေးသင့်ခဲ့ပြီး အဆိုပါလေလေးသင့် အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၂၀၀,၀၀၀)၊ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ်(၃၅,၅၀၀)နှင့် ပြိုကျအိမ်ထောင်စု(၁)စုအတွက် စုစုပေါင်းငွေကျပ် (၃၄,၇၅၃)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၂၃၁,၅၀၀)အား (၂၁-၅-၂၀၂၀)ရက်နေ့(၁၄း၁၅)အချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #mdy_may2020 Source:       မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပရဟိတအဖွဲ့နင့် ဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ (၂၁-၅-၂၀၂၀) ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်းယာဉ်ဝင်/ထွက်အတွက်စီးနင်းလိုက်ပါလာသောခရီးသည်များ အား ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအားစာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_may2020     Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကြီးကျေးရွာ၊ လယ်‌ဆောကျေးရွာ၊ မိအယ်ကျေးရွာနှင့် ပန်းဆန်ကျေးရွာများသို့ (၂၁-၅-၂၀၂၀) ရက်နေ့ (၀၉:၀၀) နာရီမှ (၁၅:၀၀) နာရီအချိန်ထိ COVID-19ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။ #ar #mgy_may2020     Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      (၂၁-၅-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ သည် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁/၂/) ရပ်ကွက်၊ (က/ခ/ဂ/ဃ/စ) ရပ်ကွက်တို့တွင် (Covid-19)အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအသိပေးကြေငြာချက် များအား ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_may2020 Source: ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့တွင် (၀၉:၀၀) နာရီ၌ ဘိုကလေးမြို့နယ်၊ ကံစုအနောက်ကျေးရွာအုပ်စု၊ ကံစုအနောက်ကျေးရွာတွင်လည်းကောင်း၊ (၁၀:၃၀) နာရီ၌ ညောင်လန်းစုကျေးရွာတွင်လည်းကောင်း၊ (၁၁:၃၀)နာရီ၌ စာဖြူစုကျေးရွာတွင်လည်း ကောင်း၊ (၁၃:၃၀) နာရီ၌ ကကောင်းလေးကျေးရွာတွင်လည်းကောင်း၊  (၁၅:၀၀)နာရီ၌ တင်းကုတ်ကြီး ကျေးရွာတွင်လည်းကောင်း၊ (၁၆:၀၀) နာရီ၌ ကျုံချဥ်ကျေးရွာတွင်လည်းကောင်း Covid- 19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များနှိုးဆော်ခြင်းအား ကျေးရွာရှိအုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာနေပြည်သူများကို အသိပညာပေး‌‌ခြင်းများဆောင်ရွက်ခဲ့ကြောင်း … Read more