ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ကာလတွင်စိတ်ဖိစီးမှုများကိုကျော်လွှားနိုင်ရေးအသိပေးနှိုးဆော်ခြင်း

    Source: MOSWRR ~~~~ COVID-19 ကာလမှာမိမိတစ်ဦးတည်းသာမက လူတိုင်းစိတ်ဖိစီးမှုများ ခံစားနေကြရတယ် ဆိုတဲ့အချက်ကို သတိပြုမိရင်အခြားသူတွေအပေါ်မှာလည်း ကိုယ်ချင်းစာစိတ်ပိုမိုဖြစ်ပေါ် လာစေ ပါသည်။   ကိုယ်ချင်းစာစိတ်ဟာ လူတစ်ဦးနှင့်တစ်ဦးကြား၊ အမုန်းတရားပွားများမှုကိုလျော့နည်း စေပါတယ်။ ပြဿနာရပ်များကို ကြိုးစားလက်ခံဖြေရှင်းနိုင်စွမ်းလည်းမြင့်မားစေပါသည်။   ဒီလိုနည်းနဲ့ စိတ်ဖိစီးမှုများကို လျှော့ချနိုင်ကာ ခံနိုင်ရည်ရပြီး တစ်ဦးချင်းစီက COVID-19 ကာလဒုက္ခများကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့အဆင့် သို့ရောက်ရှိအောင် ကြိုးစားသင့်ကြောင်း အသိပေး တိုက်တွန်းလိုပါသည်။   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း (စိတ်ကျန်းမာပညာအဖွဲ့)

  • COVID-19 ကာလတွင်စိတ်ဖိစီးမှုများကိုကျော်လွှားနိုင်ရေးအသိပေးနှိုးဆော်ခြင်း

    Source: MOSWRR ~~~~   COVID-19 ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရန် မိမိတို့တစ်ဦးချင်းမှာ တာဝန်ရှိပြီး၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ စည်းကမ်းများကို လိုက်နာရန်လိုအပ်ပါသည်။   COVID-19 ကာလကြာမြင့်လာလေ ကျန်းမာရေးအတွက် စိုးရိမ်ရမှု၊ အလုပ်အကိုင်ပြဿနာ၊ ငွေရေးကြေးရေးအခက်အခဲ၊ မိသားစုနှင့် ခွဲခွာနေရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ အပြစ်တင်ခံရမှု စသည့် စိတ်ဖိစီးမှုများပိုမိုမြင့်မားလာလေ ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် စိတ်ဖိစီးမှုများကို ကျော်လွှားရန်ကြိုးစားနေချိန်တွင် ညွှန်ကြားချက်များ၊ စည်းကမ်းများကိုလိုက်နာရခြင်းသည် စိတ်ဖိစီးမှုများ ကိုပိုမိုဖြစ်ပေါ်စေနိုင်သည်ဟု ယူဆခြင်းမပြုဘဲ ထိုချမှတ်သည့်ညွှန်ကြားချက်များ၊ စည်းကမ်းများကို အလေ့အထဖြစ်အောင် … Read more

  • COVID-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပရဟိတအဖွဲ့နင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၂၄-၅-၂၀၂၀)ရက်နေ့(ဝ၈:၃၀)နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသည့် COVID-19 ရောဂါကြို တင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်အတွက် စီးနင်းလိုက်ပါ လာသောခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအားစာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_may2020

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၅-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရေး သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ​ဖျာပုံမြို့နယ်၊ ​သဲအိမ်​ကျောင်းစုကျေးရွာအုပ်စု၊ ​သဲအိမ်​ကျောင်းစုကျေးရွာ၊ ပတုတ်ကျေးရွာ၊ ကျုံခရိုင်ကျေးရွာ၊ ​ရှမ်းကွင်းကျေးရွာ၊​ သကံဝကျေးရွာ၊​မြစ်တန်းကျေးရွာ၊ လက်​ဖျောက်ဆိုင်ကျေးရွာ၊​ ရွှေ​တောင်စုကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပြီး အသိပညာ​ပေးဗီနိူင်း​များလည်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၊ ခံစပ်တောကျေးရွာရှိ အိမ်ခြေ (၁၉၂) လုံး၊ အိမ်ထောင်စု (၂၀၀) စု၊ လူဦးရေ (၁၂၈၇) ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၆၀၀) အား (၂၄-၅-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် ရင်ခွင်မဲ့ကလေး ငယ်များလျေှာ့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူးပေါင်းကာ သွားရောက် ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

    မေလ (၂၄)ရက်၊ နေပြည်တော်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်း များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။   ယနေ့ (၂၄-၅-၂၀၂၀) ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ကက်သလစ် IDP စခန်းနှင့် နှစ်ခြင်း IDP စခန်း၊ ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးယာယီတိုက်ပွဲရှောင်စုရပ်သို့ သွားရောက်၍ လက်သန့် … Read more