Latest News
-
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၄) ရက်နေ့တွင် ဘီးလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ကယ်ဆယ်ရေးစခန်း (၃) ခုရှိ အိမ်ထောင်စု (၁၀၇) စုတို့မှ ကျား (၁၉၅ ) ဦး၊ မ (၂၁၇) ဦး၊ စုစုပေါင်းလူဦးရေ (၄၁၂) ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၆၅,၂၀ဝိ/-)အား (၁၁-၉-၂၀၂၄)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ဘီးလင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့်အတူ ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_Sep_2024 … Read more
-
ရေကြီးခြင်းသတိပေးချက်
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၊ (၀၇:၃၀) နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၁၉.၆၉ ပေ (၆၀၀ စင်တီမီတာ)အောက် ပေဝက်ခန့် (၁၆ စင်တီမီတာ)တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၊ (၀၇:၃၀) နာရီအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၂၈.၈၇ ပေ (၈၈၀ … Read more
-
ရေကြီးခြင်းသတိပေးချက်
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့၊ (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၂၄.၆၁ ပေ (၇၅၀ စင်တီမီတာ)အောက် ၁ ပေကျော် (၃၅ စင်တီမီတာ)တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့၊ (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၃၃.၅၃ ပေ (၁၀၂၂ … Read more
-
ရေကြီးခြင်းသတိပေးချက်
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၊ (၁၇:၃၀) နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၃၁.၅၉ ပေ (၉၆၃ စင်တီမီတာ)အောက် ၄ ပေကျော် (၁၂၈ စင်တီမီတာ)တွင် ရောက်ရှိနေပါသည်။ အဆိုပါချောင်းရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုထားပါသည်။
-
အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်တွင် ထုတ်ပြန်သည့် အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သတင်းကို အောက်ပါအတိုင်း အစီရင်ခံ တင်ပြအပ်ပါသည်- (က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေကို ပူရီမြို့ အနီးမှ စတင်ဖြတ်ကျော်လျက်ရှိပါသည်။ (ခ) နောက် (၂၄) … Read more
-
အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်း လာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိ ခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်၊ ကျောက်ဖြူမြို့(Kyaukpyu)၏ အနောက်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့(Gopalpur)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၈၅ မိုင်ခန့်၊ ပူရီမြို့(Puri)၏ တောင်-အရှေ့တောင်ဘက် … Read more









