ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း - မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - ဘားအံမြို့၊ အထက(ခွဲ)(၂)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် (၁၁:၀၀)နာရီအချိန်တွင်  နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းရပ်ဝန်းအခြေအနေ” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- (က)   ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေပွေလှိုင်းသည် ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း သည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားနိုင်ပြီး၊ နောက် (၄၈) နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ အနောက်ဘင်္ဂလားပြည်နယ် … Read more

  • ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မင်းကွန်းအုပ်စု၊ လက်ခုပ်ကုန်းကျေးရွာတွင် ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၂၄) ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ မင်းကွန်းအုပ်စု၊ လက်ခုပ်ကုန်းကျေးရွာ၌ တောင်ကျရေကြောင့် ကုက္ကိုလ်ပင်လဲကျပြီး ပြိုကျပျက်စီးခဲ့သောနေအိမ်တစ်လုံးအတွက် အိမိဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၀၀,၀၀၀ိ/-)  လူဦးရေ (၆) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀ိ/-)  နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတစ်စုစာတို့အား (၁၃-၉-၂၀၂၄) ရက်နေ့၊ (၁၂:၁၅) အချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_Sep_2024 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အောင်ဟိတ်ကျေးရွာအုပ်စု၊ ချောင်းဖျားကြီး (အမက) စာသင်ကျောင်း၌ ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာ၀န်ရှိသူများသည် (၁၃-၉-၂၀၂၄)ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အောင်ဟိတ်ကျေးရွာအုပ်စု၊ ချောင်းဖျားကြီး (အမက) စာသင်ကျောင်း၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့အထိမ်းအမှတ်အားကြိုဆိုသောအနေဖြင့် မျိုးဆက်သစ်ကျောင်းနေ အရွယ်ကလေးများနှင့် လူငယ်များ ရေဘေးအန္တရာယ်အားသိရှိ၍ ကြိုတင်ပြင်ဆင်ခြင်းနှင့် ထိခိုက်မှုလျော့နည်းသက်သာစေရေးကိုအသင့်ဖြစ်စေရန်အတွက် ရေဘေးသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ တာ၀န်ရှိဌာနဆိုင်ရာ၀န်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ (အမက)ချောင်းဖျားကြီးမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာ အဖွဲ့အစည်းများနှင့် ကျေးရွာနေပြည်သူများကအတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး … Read more

  • ရေကြီးခြင်းသတိပေးချက်

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့၊  (၀၇:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဒုဌဝတီမြစ်ရေသည် ရွှေစာရံမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၃၄.၄၅ ပေ (၁၀၅၀ စင်တီမီတာ)အောက် ၄ ပေခွဲခန့်  (၁၃၂ စင်တီမီတာ)တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့၊  (၀၇:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဒုဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၂၈.၅၄ ပေ (၈၇၀ … Read more

  • ကျိုက်ထိုမြို့နယ်၊ ကော့စနိုင်ရပ်ကွက်နှင့် ဇေယျာမွန်ရပ်ကွက်တို့တွင် ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၉-၂၀၂၄) ရက်‌နေ့မှ (၁၁-၉-၂၀၂၄) ရက်နေ့အထိ ကျိုက်ထိုမြို့နယ်အတွင်း မိုးများအဆက်မပြတ်ရွာသွန်း၍ တောင်ကျရေများစီးဆင်းပြီး ကဒတ်ချောင်းရေလျှံမှုကြောင့် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိသော ကျိုက်ထိုမြို့နယ်၊ ကော့စနိုင်ရပ်ကွက်၊ တောရဘုန်းကြီးကျောင်းဓမ္မာရုံနှင့် ဇေယျာမွန်ရပ်ကွက်၊ တောရရွှေဂူကျောက်ကွင်း ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံများသို့ ယာယီပြောင်းရွှေ့ရောက်ရှိလာသော စုစုပေါင်းအိမ်ထောင်စု (၁၄၄) စု၊ လူဦးရေ (၅၃၉) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၁၃၁,၉၀၀ိ/-) အား (၁၂-၉-၂၀၂၄) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် … Read more

  • တိုင်ဖွန်းမုန်တိုင်း “ရာဂိ” အရှိန်သက်ရောက်၍ လတ်တလောဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်း

    တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း “ရာဂိ” ၏ အရှိန်ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ငယ်ချောင်းငယ်များတွင် ရေများမြင့်တက်လာကာ လူနေရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ရေဝင်ရောက်မှုများကြောင့် ရေဘေးသင့်ပြည်သူများအား ယာယီခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းပေးခြင်းနှင့် စားနပ်ရိက္ခာများထောက်ပံ့ခြင်း၊ လတ်တလောသက်သာချောင်ချိရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိပါသည်။ (၁၁-၉-၂၀၂၄) ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် (၁၂-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရရှိသောအချက်အလက်များအရ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရှမ်း ပြည်နယ်၊ … Read more