Latest News
-
Covid – 19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆပ်ပြာခဲများ ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ စီတာပူဆွတ်ငိုင်တောင်၊ စီတာပူသီတာအေး စခန်းတို့အား ဆပ်ပြာ(၉၆)ခဲပါ (၄)ဖာစီ သွားရောက်ပေးအပ်ထောက်ပံ့ခဲ့ပါသည်။ #ar #kcn_jun2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး ( ဘစမ )
-
မိုးကြိုးဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးမှူးရုံးမှ စစ်ကိုင်းတိုင်းဒေသကြီး၌ မိုးဦးကာလ လေပြင်းတိုက်ခတ်ခြင်း မိုးသည်ထန်စွာရွာသွန်းခြင်းနှင့် မိုးကြိုးပစ်ခတ်ခြင်းများဖြစ်ပွားသဖြင့် ကောလင်းမြို့နယ်အတွင်း ပြည်သူများ လိုက်နာဆောင်ရွက်ရန် မိုးကြိုးဘေးနှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန် လက်ကမ်းစာစောင်များအား (၁၈.၆.၂၀၂၀)ရက်ေန့ နံနက် (၉)နာရီမှ (၁၀)နာရီအထိ စည်ပင်သာယာဈေးရှိ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး ( ဘစမ )
-
ဘိုကလေးမြို့နယ်၊ ဟေမာန်ကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိ ဘိုကလေးမြို့နယ်၊ ဟေမာန်ကျေးရွာအုပ်စု၊ လေးဂွကျေးရွာ၊ ဥတိုကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ လတာချောင်းကျေးရွာ၊ နှာကြီးကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ နှာလေးကျေးရွာ၊ ခရမ်းသီးကျေးရွာ၊ ထုံးကျေးရွာနှင့် စိန်ပန်းကျေးရွာများအတွင်း Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များနှင့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းများကို လှည့်လှည် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုကာလနှင့်မိုးနှောင်းကာလတွင်ဖြစ်ပေါ်လေ့ရှိသော မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀)နာရီအချိန်တွင် မိုးကြိုကာလနှင့်မိုးနှောင်းကာလတွင် ဖြစ်ပေါ်လေ့ရှိသော မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများကို သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ဖျာပုံမြို့နယ်၊ လက်ပန်ပင် ကျေးရွာအုပ်စု၊ လက်ပံကျေးရွာ၊ ကျုံကန်ကျေးရွာ၊ စပေကျေးရွာ၊ ထိတန်ရင်းကျေးရွာ၊ ထိတန်ဖျားကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက် တို့တွင် Covid_19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာများအား အရာထမ်း၊အမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_jun2020
-
မိုးကြိုးဘေးအသိပညာပေးလှည့်လည်ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၀) ရက်နေ့တွင် မြို့နယ်ထွေ/အုပ်နှင့်ပူးပေါင်းပြီး မော်လိုက်မြို့၊ မြို့ပေါ်ရပ်ကွက်များတွင် မိုးကြိုးဘေးအသိပညာပေးခြင်းအား အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jun2020









