ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • တောင်ငူမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာအုပ်စု၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ချောင်းဖြူကျေးရွာအုပ်စု၊ ကေတုမတီမြို့၊ တပင်ရွှေထီး ရပ်ကွက်နှင့် သဝန်ငယ်ရပ်ကွက်တို့၌ (၈/၉-၅-၂၀၂၁) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၁၀) လုံး၊ အမိုးလန် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၄၇) လုံးနှင့် ဘာသာရေးကျောင်း (၁) ကျောင်းတို့အတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃,၂၅၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၂၂၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၆၄,၁၀၀/-) ကျပ်၊ … Read more

  • အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၅/၂၀၂၁)

    (၂၀၂၁ ခုနှစ်၊ မေလ (၂၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ====================================== (က)    အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “ယာစ် (YAAS)” အခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Very Severe Cyclonic Storm)“ယာစ် (YAAS)”သည်  အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်း ကမ်းခြေကို  ဘလာဆော(Balasore)မြို့တောင်ပိုင်းအနီးမှ ဖြတ်ကျော်ခဲ့ပြီး၊ အနောက် မြောက်ဘက်သို့ရွေ့လျားကာ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားလျော့ သွားခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် အနောက် မြောက်ဘက်သို့ … Read more

  • အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၄/၂၀၂၁)

    (၂၀၂၁ ခုနှစ်၊ မေလ (၂၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ================================== (က)    အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “ယာစ် (YAAS)” အခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Very Severe Cyclonic Storm) “ယာစ် (YAAS)”သည်  အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်းကမ်းခြေကို  ဘလာဆော (Balasore)မြို့တောင်ပိုင်းအနီးမှ ဖြတ်ကျော်လျက်ရှိပါသည်။ (ခ)     အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း( Very Severe Cyclonic Storm) “ယာစ် (YAAS)”၏ တည်နေရာ၊ … Read more

  • အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၃/၂၀၂၁)

    ၂၀၂၁ ခုနှစ်၊ မေလ (၂၆)ရက်နေ့ မြန်မာစံတော်ချိန် (၁၀:၀၀)နာရီအချိန်ထုတ်ပြန်ချက် ================================= (က)    အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “ယာစ် (YAAS)” အခြေအနေ (၁)     ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “ယာစ် (YAAS)”သည်  မြောက်–အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်(Pathein)မြို့၏ အနောက်မြောက်ဘက် ရေမိုင် (၄၈၅) မိုင်ခန့်၊ စစ်တွေ (Sittwe)မြို့၏ အနောက်-အနောက်မြောက်ဘက် … Read more

  • မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) မူကြမ်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

    ၂၀၂၁ ခုနှစ်၊ မေလ ၂၆၊ နေပြည်တော်           မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာ (၅) နှစ် စီမံကိန်း (၂၀၂၁-၂၀၂၅) မူကြမ်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က တက်ရောက်အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ် စီမံကိန်းနှင့်စပ်လျဉ်းသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးသည် အဓိကလိုအပ်ပါကြောင်း၊ မသန်စွမ်းသူများကို … Read more

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနလက်အောက်ရှိ သင်တန်းကျောင်းများ၊ ဂေဟာများ၊ ဌာနများအား လှည့်လည်ကြည့်ရှုစစ်ဆေး

    ရန်ကုန်၊၂၅-၅-၂၀၂၁ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဝင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သန်လျင်မြို့နယ်ရှိ သန်လျင်လူငယ်သင်တန်း ကျောင်းသို့ ရောက်ရှိကြရာ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းကျောင်းတာဝန်ခံတို့က အဆိုပါသင်တန်းကျောင်းတွင် ကြိုဆိုနှုတ်ဆက်ကြပါသည်။ ဆက်လက်၍ သင်တန်းကျောင်း တာဝန်ခံက (၁၆-၃-၂၀၁၂) ရက်နေ့မှစ၍ ယခုတည်ရှိသော သန်လျင်မြို့၊ အမှုထမ်းရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်းတွင် “သန်လျင်လူငယ် သင်တန်းကျောင်း” ဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် ကလေးသူငယ်တရားရုံးများမှ အကျင့်စာရိတ္တ ပြုပြင်ရန် ရီမန်အဖြစ် … Read more