ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေပြင်းတိုက်ခတ်မှု​ကြောင့် သစ်ကိုင်းကျိုးကျပြီး ထိခိုက်ဒဏ်ရာရသူအတွက် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်မြို့နယ်၊ ပျဥ်းကတိုးကုန်းအုပ်စု၊ ပျဥ်းကတိုး ကုန်း​ကျေးရွာတွင် (၁၃-၃-၂၀၂၃) ရက်​နေ့၌ မိုးရွာသွန်းပြီး ​လေပြင်းတိုက်ခတ်မှု​ကြောင့် သစ်ကိုင်း ကျိုးကျပြီး လည်ပင်းသို့ရိုက်ခတ်သဖြင့် သတိလစ်၍ ထိခိုက်ဒဏ်ရာရရှိခဲ့သူ(၁)ဦးအတွက် ​ထောက်ပံ့​ငွေကျပ် (၅၀,၀၀ဝ/-) ကျပ်အား (၁၅-၃-၂၀၂၃) ရက်နေ့တွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ တာ၀န်ရှိ သူများနှင့်အတူ မိသားစု၀င်များလက်၀ယ်အ​ရောက် ကွင်းဆင်း​​ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_mar2023

  • သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်ဆွေးနွေးပို့ချမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၂၃) ရက်နေ့ (၀၉:၀၀) နာရီမှ (၁၀:၂၅) နာရီအချိန်အထိ မူးယစ်ဆေးဖြတ်ပြီးသူများ နောက်ဆက်တွဲ စောင့်ရှောက် နိုင်ရန် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းမှ သင်တန်းသား (၂၀) ဦးတို့အား “သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်” ကို ဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ygn_mar2023

  • ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၂၃)ရက်နေ့ နံနက် (၀၉:၀၀) နာရီမှ (၁၁:၃၀)နာရီအထိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနရှိ ဆရာမများနှင့် ကျောင်းသူ (၅၀)ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို သဘာဝအသိပညာများ ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #ygn_mar2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၃-၂၀၂၃) ရက်နေ့ နံနက်ပိုင်း၌ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊‌‌ သက်ကြီးရွယ်အိုများ‌ နေ့ပိုင်း‌ စောင့်ရှောက်ရေးဂေဟာတွင် ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ တာဝန်ရှိသူများ၊ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာမှ အဘိုး၊ အဘွားများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၀၀)ဦးတို့ဖြင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #simex_eqk #ygn_mar2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်နေအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း

    ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၃-၃-၂၀၂၃)ရက်​နေ့တွင် မိုးရွာသွန်း၍ ​လေပြင်းတိုက်ခတ်မှု​ကြောင့် ပုသိမ်မြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ ပြိုကျပျက်စီး​နေအိမ်(၂)လုံးအတွက် အိမ်​ဆောက်ပစ္စည်း​ထောက်ပံ့​ငွေကျပ်(၂၀၀,၀၀ဝ/-)၊ ကယ်ဆယ်​ရေးပစ္စည်း(၁၇)မျိုးပါ (၂)ပုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး​နေအိမ်(၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ်(၁၁၀,၀၀ဝ/-)၊ ကိုးဆူ​အုပ်စု၊ သဲဂရက်​ကျေးရွာရှိ တစ်စိတ်တစ်ပိုင်း ပျက်စီး​နေအိမ်(၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ်(၃၀,၀၀ဝ/-)၊ ​ရွှေမြင်တင် အုပ်စု၊ ဝါးယား​ချောင်း​ကျေးရွာနှင့် ဇင်ပြွန်းကုန်းအုပ်စု၊ ဓနုံး​ချောင်း​ကျေးရွာရှိ ပြိုကျပျက်စီး​နေအိမ်(၂)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ်(၂၀၀,၀၀ဝ/-)၊ ကယ်ဆယ်​ရေး ပစ္စည်း(၁၇)မျိုးပါ (၂)ပုံး၊ စုစု​ပေါင်းအိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ်(၅၄၀,၀၀ဝ/-)၊ ​ဘေးသင့် လူဦး​ရေ (၃၅)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေကျပ်(၇၃,၅၀ဝ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေကျပ်(၆၁၃,၅၀ဝ/-)တိတိအား … Read more

  • ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ပူးပေါင်း၍ (၁၅-၃-၂၀၂၃)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းခန်းမ၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စာရေးများ စုစုပေါင်းအင်အား (၁၅၀)ဦးတို့ဖြင့် ပူပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #simex_eqk #mon_mar2023