Latest News
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပြီးစီးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် (၁၄-၁-၂၀၂၃)ရက်နေ့၊ (၁၉-၁-၂၀၂၃)ရက်နေ့နှင့် (၂၁-၁-၂၀၂၃)ရက်နေ့တို့၌ လတ်တလောအကြမ်းဖက်ဖြစ်စဉ်ကြောင့် ဘေးသင့်အိမ်ထောင်စုများနှင့် သေဆုံးသူများအတွက် ရန်ပုံငွေ(၇,၃၀၃,၂၀ဝိ/-)နှင့် အိမ်ထောင်စုအလိုက်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး တို့အား (၂၂-၂-၂၀၂၃)ရက်နေ့တွင် ထောက်ပံ့ခဲ့ပါသည်။ #sgg_feb2023 Source: ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးဌာန (အထက်မြန်မာပြည်-ဘစမ)
-
ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၂၃)ရက်နေ့၊ (၁၀:၀၀)နာရီ အချိန်မှ (၁၂:၀၀)နာရီအချိန်အထိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ဌာနဆိုင်ရာများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ရပ်ရွာအတွင်းမှ ပြည်သူလူထု စုစုပေါင်း အင်အား (၂၀၀)ဦးဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှဦးဆောင်၍ (၂၃-၃-၂၀၂၃)ရက်နေ့၊ (၀၈:၀၀)အချိန်မှ (၀၉:၃၀) နာရီ အချိန်ထိ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဖြင့် ဆုံးရှုံးမှုလျော့နည်း လာစေရေးနှင့် ခံနိုင်ရည်ရှိသောလူ့အဖွဲ့အစည်းများအဖြစ် ရပ်တည်လာစေရန်ရည်ရွယ်ပြီး မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာရှိ ဖူရှင်းဘရားသား(စ်)ခရမ့်ရာဘာစက်ရုံ၌ ပြည်သူလူထု (၁၀၀)ဦးခန့်ဖြင့် ငလျင်ဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #simex_eqk #mon_mar2023
-
သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာအုပ်စု၊ ကော့ထော်ပိုင်း၌ ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ဘေးသင့်ခဲ့သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာအုပ်စု၊ ကော့ထော်ပိုင်းတွင် (၂၁-၃-၂၀၂၃) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်၌ ဂတ်စ်မီးဖိုဖြင့် ရေနွေးအိုးတည်ရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည့် မီးဘေးသင့် နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၉၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၂၉၄၀၀/-)ကျပ်တိတိနှင့် အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါပလပ်စတစ်ပုံး(၃)လုံးနှင့် အိမ်ထောင်စု(၁)စုအတွက်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံးတို့အား (၂၂-၃-၂၀၂၃) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ပငကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ သုံးခွအနောက်ကျေးရွာအုပ်စု၊ အောင်ဘုံသာကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ သုံးခွ အနောက်ကျေးရွာအုပ်စု၊ အောင်ဘုံသာကျေးရွာ၊ ကွင်းအမှတ်(၈၄၂A)၌ (၂၀-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် နေအိမ်အတွင်း၌ ထင်းမီးဖိုဖြင့် ဟင်းနွေးခဲ့ရာ အနီးရှိ ကတ်ထူစက္ကူ ဟောင်းစုပုံထားရာသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာမှ (၁၅×၁၅)ပေ သွပ်မိုး၊ ပျဥ်ခင်း၊ ပျဥ်ကာ နေအိမ်(၁)လုံး(လုံးဝပျက်စီး)မီးလောင်ဆုံးရှုံးခဲ့ရာ အဆိုပါ မီးဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁) ဦးတို့အတွက် … Read more
-
အိမ်မဲမြို့နယ်၊ သရွတ်ကြီးကျေးရွာအုပ်စု၊ သရွတ်ကြီးကျေးရွာတွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၃-၂၀၂၃)ရက်နေ့မှ (၁၈-၃-၂၀၂၃)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီမှ ညနေ(၁၈:၀၀)နာရီအထိ အိမ်မဲမြို့နယ်၊ သရွတ်ကြီးကျေးရွာအုပ်စု၊ သရွတ်ကြီးကျေးရွာတွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar_sgw #ayy_mar2023 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)









