Latest News
-
မိုးကြိုးဘေးအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်၊ ဆားချောင်းအနီး၌ (၂၈-၄-၂၀၂၃) ရက်နေ့၊ (၁၁းဝဝ) နာရီအချိန်တွင် မိုးကြိုးထိမှန်၍ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)အား သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #mon_apr2023 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ အိုင်ကြီးဒေါင့်ကျေးရွာ မီးဘေးသင့်နေအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ အိုင်ကြီးဒေါင့်ကျေးရွာ၌ (၁၉-၄-၂၀၂၃) ရက်နေ့၊ (၀၀း၄၇) နာရီအချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်ပျက်စီးလူနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇)ရက်စာ(၂၇,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၂၇,၃၀ဝ/-)ကျပ်နှင့် အိမ်ထောင်စု(၃)စုအတွက် လေးထောင့်ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၃)ပုံးနှင့် စက္ကူ ကတ္ထူပုံး (၃)ပုံးတို့အား (၂၅-၄-၂၀၂၃)ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူသွားရောက်၍ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကျောက်ချောင်းကျေးရွာအုပ်စု၊ ပျဉ်းကိုးပင်ကျေးရွာနှင့် ဂွေးတောက်ကျေးရွာအုပ်စု၊ (မြောက်စမ်း၊ မျှော့ထူ) ကျေးရွာတို့မှ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကျောက်ချောင်းကျေးရွာအုပ်စု၊ ပျဉ်းကိုးပင်ကျေးရွာနှင့် ဂွေးတောက်ကျေးရွာအုပ်စု၊ (မြောက်စမ်း၊ မျှော့ထူ) ကျေးရွာတို့၌ (၂၅-၄-၂၀၂၃)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီး နေအိမ် (၇) လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံး၊ စုစုပေါင်းနေအိမ် (၈)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ(၁၃၅,၀၀၀/-)၊ အိမ်ထောင်စု(၈)စုမှ စုစုပေါင်းလူဦးရေ (၂၈)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးရန်ပုံငွေ(၅၈,၈၀၀/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၉၃,၈၀၀/-) ကျပ်တို့အား(၂၆-၄-၂၀၂၃) ရက်နေ့ (၁ဝး၅၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် … Read more
-
တောဆင်ရိုင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ အေးသစ္စာကျေးရွာ၌ (၃၀-၃-၂၀၂၃)ရက်နေ့ (၀၁:၀၀)အချိန်ခန့်တွင် တောဆင်ရိုင်းဝင်ရောက်ဖျက်စီးမှုကြောင့် လုံးဝပျက်စီးအိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၂၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၄,၁၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၄၄၁၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး အိမ်ထောင်စု(၃)စုစာတို့အား (၂၅-၄-၂၀၂၃)ရက်နေ့ (၁၁:၀၀)အချိန်နာရီတွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #ygn_apr_2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ပုလောမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်မှူးခင်မောင်လမ်းသွယ်(၃)လမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုလောမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်မှူး ခင်မောင်လမ်းသွယ်(၃)လမ်း (၂၁-၄-၂၀၂၃)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် (ပျဥ်ခင်း/ကာ/ ယိုင်ကာ၊ ဓနိမိုး) လုံးဝပျက်စီးအိမ်ခြေ (၂၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀၀/-)ကျပ်၊ RC(၁)ထပ်၊ သွပ်မိုး လုံးဝ ပျက်စီးအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၂၂)အတွက် ကယ်ဆယ် ရေးပစ္စည်း (၂၂)စုစာ၊ လူဦးရေ (၁၆၁)ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုး (၃၃၈၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ … Read more
-
မီးဘေးသင့်သီလရှင်ကျောင်းမှ သီလရှင်ဆရာလေးများအတွက် ဝတ်စုံများ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက် ဗိုလ်ချုပ်လမ်း၊ ခန့်မှန်းမြေပုံညွှန်း (GQ-202238)၌ (၂-၄-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီး သီလရှင်ကျောင်း(၂)ကျောင်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး သီလရှင် ကျောင်း (၁) ကျောင်းရှိ စုစုပေါင်း သီလရှင်(၁၂)ပါးအတွက် သီလရှင်ဝတ်စုံ(၁၂)စုံအား (၁၈-၄-၂၀၂၃) ရက်နေ့တွင် ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fir #ayy_apr2023









