ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မုဒုံမြို့နယ်၊ ကင်းချောင်းကျေးရွာ၌ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့နှင့်ပူးပေါင်း၍ (၁၁-၅-၂၀၂၃) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် မုဒုံမြို့နယ်၊ ကင်းချောင်းကျေးရွာ၌ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးလုပ်ငန်းများဆော်ဩခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_str #mon_may2023

  • ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ (ရောင်ပစ်ကွင်း၊ ဝက်ခြံဂရက်၊ ပန်းတောရိုး) ကျေးရွာအုပ်စု၊ ကျေးရွာခွဲ (၇) ရွာတို့မှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၅-၂၀၂၃)ရက်နေ့၊ (၁၉း၄၀)နာရီအချိန်၌ ကျုံပျော် ခရိုင်၊ ကျောင်းကုန်းမြို့၊  (ရောင်ပစ်ကွင်း၊ ဝက်ခြံဂရက်၊ ပန်းတောရိုး)ကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၇)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် (သွပ်မိုး/ဓနိမိုး၊ထရံကာ) ပြိုကျပျက်စီးနေအိမ် (၆)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေနေအိမ် (၁၇)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၇၅,၀၀၀/-)၊ အိမ်ထောင်စု (၂၃) စုမှ စုစုပေါင်းလူဦးရေ (၉၀)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၉,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၆၄,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး … Read more

  • ငါးသိုင်း​ချောင်းမြို့၊ ကက္ကူကြီးကျေးရွာအုပ်စု၊ ရေသိုးကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၅.၂၀၂၃) ရက်နေ့ (၁၈း၄၀)နာရီအချိန်၌ ငါးသိုင်း​ချောင်းမြို့၊ ကက္ကူကြီးကျေးရွာအုပ်စု၊ ရေသိုးကုန်းကျေးရွာတွင်ဖြစ်ပွားခဲ့သော မိုးကြိုးဘေး ကြောင့် သေဆုံးခဲ့သူ(၁)ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေကျပ် (၃၀၀၀၀၀/-)တိတိအား (၁၁-၅-၂၀၂၃) ရက်နေ့ (၁၁း၂၀)နာရီအချိန်တွင်  တာဝန်ရှိသူများရှေ့မှောက်၌ သေဆုံးသူ၏ မိသားစုဝင်များ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_may_2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရေကြည်မြို့၊ သစ်ဖြူပင်ကျေးရွာအုပ်စု၊ သစ်ဖြူပင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၃)ရက်နေ့(၂၀း၃၅)နာရီအချိန်၌ ရေကြည်မြို့၊ သစ်ဖြူပင်ကျေးရွာအုပ်စု၊ သစ်ဖြူပင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျ/ ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-)၊ အိမ်ထောင်စု(၁)မှစုစုပေါင်းလူဦးရေ(၅) ဦး အတွက်(၇)ရက်စာဆန်ရိက္ခာရန်ပုံငွေ(၁၀၅၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၁၀၅၀၀/-)နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၇)မျိုးပါ(၁)အိမ်ထောင်စာ(၄၆၀၃၆/-)အား (၁၁-၅-၂၀၂၃) ရက်နေ့ (၁၄း၁၀) နာရီအချိန်တွင်  တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရ ရှိပါသည်။ #ha_sgw #ayy_may2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကသာမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် စျေးများတွင် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၃) ရက်နေ့နှင့် (၁၁-၅-၂၀၂၃) ရက်နေ့၊(၁၆:၃၀) အချိန်မှ (၁၈:၀၀) နာရီအချိန်ထိ ကသာမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် စျေးများတွင်  လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲလာသည့်အတွက် ပြည်သူများ ကြိုတင်သတိပြုနိုင်ရန် ဆောင်ရန်/ရှောင်ရန်အချက်များနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့် တပြေးညီထုတ်ပြန် ချက်များကို စောင့်ကြည့်၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားနိုင်ရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပါင်း၍ အသိပေးတိုက် တွန်းနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • ရေကြည်မြို့နယ်၊  ကွင်းချောင်းကျေးရွာအုပ်စု၊ ကွင်းချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦိးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၃)ရက်နေ့ (၁၉း၄၀)နာရီအချိန်၌ ရေကြည်မြို့နယ်၊  ကွင်းချောင်းကျေးရွာအုပ်စု၊ ကွင်းချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၅၀၀၀/-)၊ အိမ်ထောင်စု(၃) စုမှစုစုပေါင်း လူဦးရေ(၁၂)ဦးအတွက်(၇)ရက်စာဆန်ရိက္ခာရန်ပုံငွေ( ၂၅၂၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၇၀၂၀၀/-) အား (၁၁-၅-၂၀၂၃) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင်  တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)