ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး(Talk Show) အစီအစဉ်နှင့် ဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များအား ဆွေးနွေးမှုသတင်း

    ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၂-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး(Talk Show) အစီအစဉ်နှင့် ဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များအား ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_str #sgg_may2023 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မင်းလှမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ခွက်မကျေးရွာအုပ်စု၊ ခွက်မကျေးရွာ၌ (၁၁-၅-၂၀၂၃)ရက်နေ့(၁၇း၃၅)အချိန်တွင် ဖြစ်ပွား ခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးလူနေအိမ် (၁)လုံး၊ အိမ်​ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးနှင့် မင်းလှမြို့နယ်၊ ရှားတောကွင်းကျေးရွာအုပ်စု၊ တူးမြောင်းအောက်စုကျေးရွာ၌ ​(၁၂-၅-၂၀၂၃) ရက်နေ့ (၀၉း၄၅)အချိန်တွင် ဖြစ်ပွားသောလေဘေးကြောင့် အမိုးလန်ပျက်စီးလူနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၂)စုမှ  လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၀,၅၀၀/-)ကျပ်၊ … Read more

  • မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ တို့ပူးပေါင်း၍ (၁၂-၅-၂၀၂၃)ရက်နေ့ နံနက်(၁ဝး၀၀)နာရီအချိန်တွင် မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာတွင် မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးလုပ်ငန်းများ ဆော်ဩခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_may2023 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်၊ နန္ဒာဝန်ဈေး၌ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၃)ရက်နေ့၊ (၀၇:၃၀)နာရီအချိန်တွင် ကော့သောင်း မြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်၊ နန္ဒာဝန်ဈေးရှိ ပြည်သူများအား ခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ၊ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းဘေးအန္တရာယ်​၏ နောက်ဆက်တွဲ ဘေးအန္တရာယ်များဖြစ်သော ရေဘေး၊ လေပြင်းဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များပါဝင်သည့် (မုန်တိုင်းဘေး၊ လေပြင်းဘေးနှင် မိုးကြိုးဘေး) လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_str #tny_may2023

  • ထားဝယ်မြို့နယ်၊ ကရပ်ပြင်လမ်းဆုံနှင့် မီးသတ်လမ်းဆုံအနီးတဝိုက်ရှိ ဒေသခံပြည်သူများအား ဘင်္ဂလားပင်လယ် အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၂-၅-၂၀၂၃) ရက်နေ့ (၀၈:၀၀) အချိန်၌ ထားဝယ်မြို့နယ်၊ ကရပ်ပြင်လမ်းဆုံနှင့် မီးသတ်လမ်းဆုံအနီးတဝိုက်ရှိ ဒေသခံပြည်သူများအား ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် နောက်ဆက်တွဲဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကိုလည်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_str #tny_may2023

  • မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေကြည်မြို့နယ်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀.၅.၂၀၂၃)ရက်နေ့(၁၉း၄၀)နာရီအချိန်၌ ငါးသိုင်း​ချောင်းမြို့၊ ကုန်းပြင်ကျေးရွာအုပ်စု၊ သပြေကွင်းကျေးရွာတွင်ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် ဒဏ်ရာရရှိခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ိ/-)အား (၁၁-၅-၂၀၂၃) ရက်နေ့ (၁၁း၂၀) နာရီအချိန်တွင်  တာဝန်ရှိသူများရှေ့မှောက်၌ မိသားစုဝင်များ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #aya_may_2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)